သူ့ရဲ့အသိစိတ် ဦးနှောက်က ဒီသေခါနီးကောင်လေးနဲ့ မပတ်သတ်ဖို့ အတန်တန်ပြောနေပေမယ့် သူ့ကိုယ်ထဲက ဆဲလ်တွေအကုန်လုံးကတော့ ဒီကောင်လေးကိုပဲ တွေ့ချင်နေမိသည်
သူ့လက်ထဲမှာ တင်းတင်းကျပ်ကျပ်ဆုတ်ကိုင်ထားမိတဲ့ စာရွက်တွေပေါ်က ပဲညှောင့်ပေါက်လို လက်ရေးလေးတွေကြောင့် Kiseပြုံးမိသည် လက်ရေးလေးက ချစ်စရာကောင်းလိုက်တာလို့ပင် တွေးလိုက်မိသေးသည် ဒါပေမယ့်လည်း သူ့အလုပ်က ဒီစာရွက်စာတမ်းတွေကို ပိုင်ရှင်ဖြစ်တဲ့ ကောင်လေးဆီပြန်ပေးဖို့ တစ်ခုသာ ကောင်လေးထွက်ပြေးသွားတုန်း လွယ်အိတ်ထဲ ပြုတ်ကျနေခဲ့တာကိုး
သူ့အတွက်လဲ အဲ့လောက် အရေးမကြီးပါဘူး ကောင်လေးကြည့်ရတာ စာသင်ချိန်နောက်ကျနေလို့ ပြေးသွားတဲ့ပုံပါပဲ ဒါကြောင့် Kiseက သူ့ကို လိုက်မရှာခင် ခဏလောက်စောင့်ဖို့ ဆုံးဖြတ်လိုက်သည် သူသက်ပြင်းချရင်း အနီးနားက စားပွဲပေါ် သူ့ပစ္စည်းတွေ လှမ်းတင်လိုက်သည် စောင့်နေတုန်း သူ့အလုပ်လေး နည်းနည်းပြီးသွားလည်း အကောင်းသားလေ
သူ့အိတ်တွေကို ဘေးမှာချလိုက်ပြီး ထူးဆန်းတဲ့ကောင်လေး ကျန်ခဲ့တဲ့ စာရွက်တွေကို သူ့ရှေ့မှာ ချလိုက်သည် စာရွက်ပေါ်က အကြောင်းအရာတွေအရတော့ တောင်တက်အသင်းတစ်ခုဖြစ်ပုံရသည် စာရွက်ရဲ့ဘေးနားလေးတွေမှာက ဂြိုလ်သားပုံသေးသေးလေးတွေ သရဲပုံသေးသေးလေးတွေလဲ လျှောက်ဆွဲထားသေးသည်
ဖတ်နေရင်းနဲ့ပင် Kiseတောင်တက်အသင်းကို စိတ်ဝင်စားလာသည် ကောင်လေးက ဒီစာရွက်စာတမ်းတွေကို အရမ်းကြိုးစားပြီး ရေးထားသည့်ပုံ Kiseမသိလိုက်မိဘဲ မေးထောက်ထားတဲ့ လက်က လက်သန်းလေးကို ကိုင်နေမိသည်
ထိုင်ခုံမှာပဲ ဘာမှမလုပ်ဘဲ ထိုင်နေတာက သူ့အချိန်တွေကို ကုန်ဆုံးဖို့အတွက် နည်းလမ်းကောင်းတစ်ခုမဟုတ်ခဲ့ ထို့ကြောင့်ပင် သူတောင်တက်အသင်းကို သူ့ဘာသူရှာဖို့ ဆုံးဖြတ်လိုက်သည် အဲ့ဒါက တရားဝင်အသင်းပဲမလား သူတွေ့ရာလူကိုသာ မေးသွားဖို့ ဆုံးဖြတ်လိုက်သည်
YOU ARE READING
Red string of love
FanfictionA boy who can see red string of fate and a boy who can see life aura will they fall in love?