အိပ်မပျော်တဲ့ညတွေမှာ
မင်းကြယ်တွေကြည့်ပါ....တိုးတိတ်တဲ့ညတွေမှာ...
ကြယ်တွေဆီကနေ...
ငိုသဲ့သဲ့ ကြားကောင်းကြားရနိုင်တယ်...၊
အဝေးချောင်တစ်ချောင်ကနေပဲ့တင်ပြီးတော့ပေါ့...။အေးစက်စက် ညနေခင်းတွေမှာ...
Creamyတစ်ခွက်သောက်ရင်း...
အလွမ်းဆိုတာ...အမည်မဲ့ ခံစားကြည့်ပါ။နိုးထတဲ့....နွေးပြန့်ပြန့် မနက်ခင်းတွေမှာ...
နေရောင်ခြည်နွေးနွေး ၊ သီဆိုသံအေးအေးကို နားထောင်ပေး...၊
ကိုယ်သင်ထားတာမဟုတ်ပေမယ့်...
ငှက်ငယ်ငယ်တို့ သီကျွေးလိမ့်မယ်...။အရာရာတိုင်းကို...
ကိုယ်နဲ့ ကင်းလွတ်စွာခံစားပေးပါ...။ဘယ်တော့မှ တွေ့ရမှာမဟုတ်တဲ့အတူတူကို..
ရှောင်နေလိုက်တာပိုမကောင်းဘူးလား...။