♤1♤

10.1K 877 49
                                    


""""တီ!!!တီ!!!!တီ!!!!""""

ကားဟွန်းသံ ဆူဆူညံညံကြောင့် Baekhyun
ဆိုဖာ ပေါ်၌ လှဲအိပ်နေရာမှ ဆက်ခနဲ
ထထိုင်ကာ ချက်ချင်း အိပ်ပေါက်ဝဆီ သို့ပြေးသွားလိုက်သည်~
နှုတ်ခမ်းထက် ၌လည်း အပြုံးလေး၁ခုကို ခပ်နွမ်းနွမ်း
တွဲချိတ်ထားလိုက်ရင်း ကားပေါ်က ဆင်းလာသော
အရပ်ရှည်ရှည် နဲ့ လူ၁ယောက်၏ လက်ဆွဲအိတ်ကို
သူ အလိုက်သိစွာ လှမ်းယူလိုက်ရင်း....

"Yeol~~မောလာပြီလား? ခဏလေးနော်
ကျွန်တော် ရေအေးအေးလေး သွားယူပေးမယ် "

"အင်း "

အေးစက်စက်နဲ့ သူ၏ နှုတ်ခမ်းပါး တစ်စုံက
ထွက်ကျလာသောစကား လေး ၁လုံးက "အင်း"တဲ့လေ~~

ဘယ်လိုပဲဖြစ်ဖြစ် baekhyun ကို သူ
ပြန်ပြီးစကားပြောလိုက်တာ ဟု သာ မှတ်ယူလိုက်ရင်း
မီးဖိုချောင် ထဲသို့ အပြေးသွားကာ ရေခဲသေတ္တာထဲမှ
ရေခဲရေ ၁ဗူးကို ထုတ်ပြီး ဖန်ခွက်ထဲ တစ်ဝက်ထည့်လိုက်သည်
နောက်တော့ စားပွဲပေါ်က တင်ထားသော ရေသန့် (ရိုးရိုးရေ)
ကို တစ်ဝက်ထည့်လိုက်သည်....Yeolက
ရေဆို မအေးတအေးမှ သောက်တတ်တာကြောင့်ပါ ~~

သိပ်ချစ်ရသူ မို့ သူ့ကြိုက်တတ်တယ့် အရာ
တွေကို အကုန် သိနေတာတော့ baekhyun အတွက်
မဆန်းကျယ်လှပါ ~~ဒါပေမယ့် baekhyun
က yeolရယ့် အမူအကျင့် တွေ အကုန် သိပေမယ့်
၁ခုကို တော့ မသိပါ~~ ဒါကတော့ yeol
ရယ့် နှလုံးသားလေး~~ baekကို ဆို အမြဲ
အေးတိအေးစက် ဂရုမစိုက်စွာ ဆက်ဆံလွန်းတယ့်
Yeolကို baek တစ်ခါတစ်လေ ရင်ထဲက နာကျင်ရတာလွဲလို့
ကျန်တာ တွေ အထူးအထွေ yeolကို အပြစ်မတင်ချင်ပါ~~

Company ၂ခု ပူးပေါင်းဖို့ ဆိုတယ့်
အကြောင်းပြချက်နဲ့ လက်ထပ်ပွဲကို စီစဉ်
ခဲ့တယ့် နှစ်ဖက်သော မိဘတို့ကြောင့်
Yeolနဲ့ baek လက်ထပ်ခဲ့ရသည်..baek
ဘက်ကတော့ yeolကို ပထမဆုံး စတွေ့ကတည်းက
မြင်မြင်ချင်း ချစ်ခဲ့သူမို့ လက်ထပ်ပွဲကို အထွေအထူး
ကန့်ကွက် မနေသည့်အပြင် ပို၍တောင် ပျော်ရွှင်နေသေးသည်
Yeolက ကျတော့ baek လို မဟုတ်~~ မိဘတွေရယ့်
စကားကို နားထောင်တယ့် သားလိမ္မာ ဖြစ်တာကြောင့်သာ
မင်္ဂလာ ပွဲကို လက်ခံခဲ့ခြင်းဖြစ်သည်....

Yeol က baek အပေါ်အေးတိအေးစက် နိုင်တာက
လွဲလို့ ကောင်းပါတယ်~~အဝတ်အစားဆိုလည်း လိုလေးသေး
မရှိ~~ လိုချင်တာ ဆိုလည်း သိပ်ပူဆာ စရာမလိုပါ~~
*အင်း* ဟုသာပြောပြီး ချက်ချင်း ဝယ်ပေးသည်....နောက်ပြီး
Baek အခု တက်နေတယ့် Uni ကိုလည်း မနက်ဆို
Yeolက လိုက်ပို့သည်....yeol က baek အပေါ်မှာ
ခင်ပွန်းကောင်း ဝတ္တရား အကုန်ကျေပွန်ပါတယ်....အင်း
၁ခုပဲ~~baek တောင့်တလွန်းတယ့် အချစ်ကိုတော့
မပေး နိုင်ခဲ့ဘူး....ဒါပေမယ့် baek ကြိုးစားမှာပါ....
အနေနီးရင်း တဖြည်းဖြည်း yeolသူ့ကို ချစ်လာမှာပါ
လို့ ယုံကြည်တယ်...

♤My Bad Husband ♤Where stories live. Discover now