Baekhyun pov~~
\\ဒေါက်~~ဒေါက်~~ဒေါက်\\
"Yeol~~ထတော့လေ မနက် ၈နာရီရှိပြီ ~"
အခန်း တံခါးလေးကို အသာခေါက်ရင်း baek လည်း yeolကို နိုးလိုက်သည်~~ လက်ထပ်ပြီးတာ ၂လ ကျော်လောက် ရှိပြီဆိုပေမယ့် အခုထက်ထိ အခန်းခွဲအိပ်နေတာ baek အတွက်တော့ ရင်နာ စရာကောင်းပေမယ့် yeolစိတ်တိုင်းကျ baek လုပ် ပေးခဲ့ပါတယ်~~
Baek ဒီလို မနက်ခင်းလေး ကို သိပ်ပျော်ရွှင်တာ ချစ်ရသူ ကို မနက်ခင်း အနမ်းဖွဖွခြွေရင်း နိုးချင်ခဲ့တာ Baek ရယ့် စိတ်ကူးလေး ၁ခုဆိုပေမယ့် ယခုလို Yeolအခန်းရှေ့ကစောင့်ပြီး နိုးရတာလေး ကိုက Baek အတွက် သိပ်ကို ကံကောင်းလွန်းတယ်လို့ ထင်မိတယ်~~ချစ်ရသူ ရယ့် မျက်နှာ နုနုကို မနက်ခင်း အချိန်မှာ ပထမ ဆုံး မြင်ရတာ baek ဖြစ်နေတာကြောင့် အတိုင်းမသိ ဝမ်းသာမိပါရယ့်~~
"ကျွီ" "
" ခဏနေ ဆင်းလာခဲ့မယ် "ဟု တစ်ခွန်းခပ်ပြတ်ပြတ် ပြောကာ တံခါးလေး ပြန်ပိတ်သွားတာကြောင့် baek ၁ယောက် yeolရယ့် မျက်နှာလေး ကိုတောင် ကြာကြာ မငေးလိုက်ရ~~သို့သော် ရေချိုးပြီးကာစ ဆို တာ သိသာ စေမယ့် yeolသုံးနေကျ shower cream ရယ့် ရနံ့ သင်းသင်းကိုတော့
baek ရလိုက်မိပါသည်~~ ဒီလောက်ဆိုရင်ပဲ ကျေနပ်ပါတယ် yeol~~"Baek ~~မနက်စာ ပြင်လိုက်မယ်နော် yeol "
ကြားသည် လား မကြားသည်လား မသိပေမယ့် Baek ကတော့ ထိုသို့ ပြောကာ အမြန် အောက်ထပ်ကို ပြေးဆင်းကာ မီးဖိုချောင်ထဲ ဝင်တော့သည်~~yeol သောက်နေကျ black coffee ကို သေသေချာချာဖျော်ရင်း မနေ့ညက မအိပ်ပဲ လုပ်ထားတယ့် cup-cake လေးတွေကို ပန်းကန်ပြားလေး ထဲ လှလှပပလေး စီကာ အသင့်ပြင်လိုက်သည်~~ Baek မနေ့ညက မနက် ၃နာရီလောက်မှ အိပ်ရတယ်~
ဘာလို့ဆို yeolအတွက် ဒီ cup-cake လေး လုပ်နေတာ ကြောင့်ပါ~~cup-cake လေး တွေက yeolအတွက်ရော ဒီနေ့ baek သွားမယ့် မိဘမဲ့ကျောင်းက ကလေးတွေ အတွက်ပါ လုပ်ထားတာမို့ အရေအတွက်က များသွားရသည်~~ထို့ကြောင့် ညဘက် အိပ်ချိန် နောက်ကျရခြင်း~~
" လှလိုက်တာ ~~ yeol သဘောကျမှာပါ :) "
ကိုယ့်ဘာသာ ရေရွတ်ရင်း baek ၁ယောက် ပြုံးလိုက်မိသည်~~ ကိုယ်အပင်ပန်း ခံလုပ်ထားတယ့် Cup-cakeလေးတွေကို ချစ်ရသူက ကြိုက်နှစ်သက်စွာ စားနေသည်ဟု baek စိတ်ကူးရင်းပင် ကြည်နူးမှုက အတိ~~