ကလေးကလည်း ကိုယ့်ကိုပေးတယ်
ကိုယ်ကလည်း ကလေးကို ပေးတယ်
ကလေး ပေးတာက အတုအယောင်ဖြစ်ပြီး ကိုယ်ပေးတာက ခံစားချကအစစ်တွေ ဖြစ်နေရုံ သာ
ကလေးကလည်း ချစ်တယ်
ကိုယ်ကလည်း ချစ်တယ်
ကလေးချစ်တာ ကိုယ့်မျက်ရည်တွေ ဖြစ်ပြီး
ကိုယ်ချစ်တာ ကလေး အပြုံးတွေ ဖြစ်နေရုံသာ
ကလေးကလည်း ဖျက်စီးတယ်
ကိုယ်ကလည်း ဖျက်စီးတယ်
ကလေး ဖျက်စီးတာ ကိုယ့် မျှော်လင့်ချက်တွေဖြစ်ပြီး
ကိုယ်ဖျက်စီးတာ ကိုယ့်နှလုံးသား ဖြစ်နေရုံ သာ
ကလေးကလည်း စွန့်လွှတ်တယ်
ကိုယ်ကလည်း စွန့်လွှတ်တယ်
ကလေးစွန့်လွှတ်တာ ကိုယ်ဖြစ်ပြီး ကိုယ်စွန့်လွှတ်တာ
ကိုယ့်ရဲ့ အရာရာ ဖြစ်နေရုံသာ
ဒီလိုပဲပေါ့ ကလေးရယ်
မင်းကို စချစ်မိတည်းက ကိုယ့်မှာ မညီမျှမှုတွေနဲ့ အသားကျလို့.............
YOU ARE READING
TRUE or FALSE
Документальная прозаကျေနပ်စွာ နာကျင်ပြီး ကိုယ့်သေတွင်းကိုယ်တူးခြင်း
