Goodbye my dear

17 4 0
                                    

ငါချစ်တာကိုလည်း မင်းမသိ
ငါ မုန်းတာကိုလည်း မင်းမသိ
ငါ နာကျင်ရတာကိုလည်း မင်းမသိ
နောက်ဆုံး ငါ့ဖြစ်တည်မှုကိုတောင် မသိတဲ့ ငါ့အချစ်ရေ............

မသိတာတွေ များလိုက်တဲ့ ငါ့အချစ်လေးရယ်.....

ငါလေ မင်းကို နှုတ်ဆက်ချင်လို့ပါ ။

ဒီတိုင်း မင်းမသိတဲ့ ဘဝထဲမှာပဲ မင်းကို ချစ်ခင်ခြင်းကြီးစွာနဲ့ နှုတ်ဆက်ပြီး ငါတိတ်တိတ်လေးထွက်သွားပါတော့မယ်။

မင်းမသိတဲ့ မင်းရဲ့ ရက်စက်ခြင်းတွေကို ငါပုံကြီးမချဲ့တော့ပါဘူး။

ငါ ပျောက်ကွယ်သွားပေးပါ့မယ်။

မင်းမက်တဲ့ အိမ်မက်တိုင်း လှပပြီး မင်းဘဝလေး အေးငြိမ်းပါစေ ငါ့အချစ်ရယ် ။

TRUE or FALSEWhere stories live. Discover now