Part-1

1K 76 20
                                    


တစ်ခုသော စနေ
နံနက် ၉ နာရီကျော်တွင်
ကလင် ခနဲ မြည်သံနဲ့အတူ Daily Coffee ကော်ဖီဆိုင်ရဲ့ တံခါးလေး ပွင့်သွားသည်။ညီနိုင်အောင့်အတွက်တော့ဒီ အသံလေးက ရိုးနေပါပြီ။ဒါ ကော်ဖီဆိုင်ရဲ့ ယနေ့အတွက် ဒုတိယမြောက် ဧည့်သည်ဖြစ်မည်ဟု ညီနိုင်အောင် စိတ်ထဲ တွေးမိသည်။လွတ်သွားတဲ့ အာရုံတွေက ဖတ်လတ်စ စာအုပ်အပေါ် ပြန်ရောက်သွားသည်။ရှေ့မှာ ချထားတဲ့ အနက်ရောင် ကော်ဖီခွက်သေးလေးကို တံဆိပ်ခတ်ထားတဲ့ Daily Coffee
ဆိုင်ရဲ့ လတ်တေးကော်ဖီခွက်လေးကို လက်ချောင်းသွယ်လေးတွေ သုံးပြီး အသာမလိုက်သည်။ပြီးတော့ တစ်ငုံ နှစ်ငုံ။ နို့အဆိမ့်နဲ့ခါးသက်သက်ကို တစ်ခါထဲ တွဲခံစားရတာမလို့ ဒီဆိုင်ရဲ့ လက်တေးကို ညီနိုင်အောင် အကြိုက်ဆုံးဖြစ်သည်။

အပေါ့ပါးသွားချင်လာတာမလို့ ထရပ်ရင်း အနောက် အလှည့် အနောက်ကလူကို မမြင်မစမ်းနဲ့ တိုက်မိသွားသည်။ ခွက်လွတ်ကျသံနဲ့ ကွဲသံကို တစ်ဆက်တည်း ညီနိုင်အောင် ကြားလိုက်ရသည်။လန့်ပြီး ခွက်ကွဲသံကြားချိန်တည်းက သတ္တိခဲပီပီ မျက်လုံးကို လက်နဲ့ အုပ်လျက်မိသား။ခဏကြာတော့မှ လက်ချောင်းလေးတွေကြားကနေ ကြည့်လိုက်တော့ သူ့ရှေ့မှာ လူတစ်ယောက်ရပ်နေသည်။မျက်နှာကို မတွေ့ရပါ။သူမော့ကြည့်မှ မြင်ရတယ်။

ထိုလူက ထိုင်ချလိုက်ရင်း ပြောတယ်။

' နေရာမရွေ့နဲ့အုံး ညီ....မင်း ခြေထောက်ပေါ် ဖန်ကွဲ စတွေ ကျသွားလို့..'

သူ့ငုံကြည့်လိုက်တော့ ဟုတ်သည် ထိုလူပြောသည့်အတိုင်း သူ့ခြေထောက်ပေါ်မှာ ဖန်ကွဲစတစ်ချို့ တင်လျက်။ ထိုလူက ထိုအစလေးများကို ဘေးသို့ တစ်ခုချင်း ဖြည်းဖြည်းချသည်။ျပြီးတော့ ထိုလူက ဘေးကတစ်ရှူ းဘူးမှ တစ်ရှူ းအချို့ ဆွဲထုတ်ကာ သူ့ခြေထောက်ပေါ်စင်သွားသော ကော်ဖီစက်များကို သုတ်ပေးသည်။ပြီးမှ မတ်တပ်ပြန်ရပ်သည်။ညီနိုင် ဘာပြန်ပြောရမယ်မှန်းမသိ။

'ရပြီ....သွားချင်ရင် ဟိုဘက်က ရှောင်သွားလို့ ရပြီ'

ထိုလူ့ အသံက အောရှရှဖြစ်သည်။ညီနိုင်အောင်
ခေါင်းညိတ်ရင်းကွေ့ဝိုက်ကာ ထို လူ့နောက်ဘက် ရောက်သွားသည်။ထိုစဉ် ဆိုင်ဝန်ထမ်း ကောင်မလေးတစ်ယောက် ရောက်လာပြီး ဖန်ကွဲစများကို လဲကျူံ းရင်း ဖိတ်ကျသွားသော ကော်ဖီများကို သုတ်သည်။

Coffee ShopTempat cerita menjadi hidup. Temukan sekarang