တူညီသောချစ်ခြင်းမေတ္တာစီးကြောင်း (၂)

75 6 1
                                    

တာရာရေထဲကို ပြုတ်ကျသွားလေသည်။ ရေကူးတတ်သောသူမဟုတ်တာတောင် သိပ်ပီး မနက်လှသော ရေထဲလည်း ရုန်းကန်ရင်း တဝါးဝါးဖြင့် တဝုန်းဝုန်းဖြစ်လေသည်။ စက်လှေဦးလေးကြီးလည်း ချက်ချင်းစက်ရပ်လိုက်သောအခါ မင်းတေဇတယောက်သည် ရေထဲကို ခုန်ဆင်းသွားလေသည်။ ရေနစ်နေသော တာရာကို ဆွဲခေါ်လာပီး စက်လှေပေါ်သို့ ခေါ်လာလေသည်။

'' တာရာ ဟေ့ တာရာ ''

'' ကောင်လေး ရင်ဘတ်ကို လက်ဖြင့်ဖိပေးလိုက် အဲ့ဒါမှ မရရင် နှုတ်ခမ်းတေ့ပီး ရေတွေစုပ်ယူလိုက် ရေက အဆုတ်ထဲ ရောက်သွားရင် ဒီကလေးအတွက် မကောင်းဘူး။ ''

မင်းတေဇလည်း တာရာရဲ့ ရင်ဘတ်ကို လက်နှစ်ဖက်နှင့် ဖိ နှုတ်ခမ်းချင်းလည်း တေ့စုပ်လိုက်သောအခါ တာရာ ပါးစပ်မှ ရေများ အန်ထွက်လာသည်။

'' အဟွတ် အဟွတ် ''

'' တာရာ သတိရလာပီလား ''

မင်းတေဇလည်း ထထိုင်လာသော တာရာကို မြင်သောအခါ ဝမ်းသာအားရဖြင့် သိမ်းကျုံးဖက်လိုက်လေသည်။

'' ဟေ့ရောင် အသက်ရှုကျပ်တယ်ကွ ''

'' အေးပါ မင်း အဆင်ပြေပီလား။ ''

'' ခေါင်းနည်းနည်းမူးချင်နေတယ်။ ''

'' ဦးလေးရေ ကျွန်တော်တို့ကို ဟိုဘက်ကမ်း ပြချပေးပါ။ ရေလည်းစိုနေတော့ အအေးပတ်များကတကြောင်း ဒီကလူလေးက နှလုံးရောဂါရှိတော့ ထဖောက်လာနှာဆိုးလို့ ''

'' အေးကွယ် ကမ်းစပ်ကို မောင်းပေးမယ်။ ''
'' တာရာ မင်း ဘာလို့ ရေထဲကို ခုန်ချတာလဲ ။ ''

'' တိန် ငါက ခုန်ချရအောင် ငါက ရေကူးတတ်တဲ့သူလား။ ငါ ရုတ်တရက်ထလိုက်တော့ လှိုင်းအပုတ် လှေအယိုင်နဲ့ ပြုတ်ကျသွားတာ။ ''

'' ဘာလို့ ထလိုက်တာလဲ တာရာ ''

ထိုစကားကို တာရာ စိတ်ထဲ ဘယ်လိုဖြေရမယ်မှန်း မသိနိုင်သေး။

'' ငါလေ ညီကို တံတားပေါ်မှာ ကောင်မလေးတစ်ယောက်နဲ့ တွေ့လိုက်လို့ကွ။ အဲ့ဒါ လန့်သွားတာ။ ''

'' ဟေ့ရောင် သေချာလို့လားကွာ ။ အခု ဖုန်းဆက်မေးပေးမယ်။ အခု လှေစိုက်ရင် ဆေးခန်းပြရမယ်။ ရေထဲပြုတ်ကျပီး မင်း ဘာဖြစ်မယ်မှန်းမသိဘူး''

တူညီသောချစ်ခြင်းမေတ္တာစီးကြောင်းWhere stories live. Discover now