တူညီသောချစ်ခြင်းမေတ္တာစီးကြောင်း (၄)

48 9 0
                                    

" အင်း ဟုတ်တယ် သခင်ရောက်နေတာ အဆင်ပြေရဲ့လား တာရာ "
" အင်း ပြေပါတယ် တကယ်က တေဇ က စိတ်ပူပြီး ခေါ်လာတာလေ "
" ငါကလည်း စိတ်ပူလို့ပေါ့ဟ တာရာ မင်း ရဲ့ နှလုံးက သိပ်ကောင်းတာမဟုတ်ဘူး ငါ့အနားနေပြီး တစ်ခုခုဖြစ်ရင် ဒီနှစ်ကောင်က ငါ့ကို အမွေဖြတ်တွေရော အသေသတ်တွေရော လုပ်မှာလေ "
" အေး ဟုတ်တယ် "

ဆိုပြီး ညီသခင် နဲ့ ကြယ်ခ နှစ်ယောက်သည် တစ်ပြိုက်နက်တည်း မင်းတေဇအား ကြည့်ကာ အော်လိုက်လေတော့သည်။ ထိုအချိန်တွင် Nurse ရောက်လာပြီး ဆေးပုလင်းကို ဖြုတ်ကာ ဆေးခန်းမှဆင်းနိုင်ပြီဖြစ်ကြောင်း ပြောလေသည်။ counter တွင် ပိုက်ဆံရှင်းသောအခါ သုံးယောက်သား လုနေကြသဖြင့် တာရာတစ်ယောက် မှာ သူတို့သုံးယောက်ကိုကြည့်ပြီး တစ်ဟီးဟီး နဲ့ ရယ်နေတော့သည်။

-------------------
@@@ ရုတ်တရက်ဝင်ရောက်လာတဲ့ အပြူအမူတိုင်းအနောက်မှာ ဂရုစိုက်မှု ကြင်နာမှုတွေဟာ ဖုံးကွယ်ထားသော လျှို့ဝှက်ချက်များအဖြစ်နဲ့ ပါဝင်နေတတ်ကြသည်။ ထိုလျှို့ဝှက်ချက်များသည် တစ်ခါတစ်လေ ရင်ထဲက အချစ်စိတ်ကို ပိုမိုတိုးပွားစေသည်။ @@@
------------------

" ကဲ ဟိုအကိုတော် သုံးယောက် ကျွန်တော်မျိုးကြီးပဲ ဘေလ်ရှင်းရမလား သုံးယောက်သား လုပြီးရှင်းတာရပ်မလား "
" တော်ပြီ အညီအမျှရှင်းမယ် ဟို ကောင် တာရာ ဘာလို့ မတ်တပ်ရပ်နေတာလဲ ထိုင်နေ "
" အေးအေး ဘယ်လောက်ကျလဲ သုံးယောက်ရှင်းမယ် မင်းလည်း ထိုင်နေ "
" အမယ်လေး သူတို့ဘာသာဖြစ်နေတာကို ဒီက လူဘက် လှည့်လာပီ "

ဘေလ်ကို သုံးယောက်သား ခွဲတမ်းချ၍ ရှင်းကြလေသည်။ Counter မှာ ငွေကိုင်သူ Nurse တစ်ယောက်က

" လူနာရှင်နဲ့ ညီအကိုတွေလား ရှင့် "
" မဟုတ်ပါဘူး လူနာရှင်ရဲ့ အုပ်ထိန်းသူ အကိုတော် သူငယ်ချင်းတွေ "

မင်းတေဇမှ ပြောလိုက်လေသည်။ ထိုအသံကို ကြားတော့ တာရာမှာ လွန်ခဲ့သည့် ကိုးနှစ်ခန့်ကို ပြန်သတိရမိတော့ပြန်သည်။

--------------
အဲ့အချိန်က ငါးတန်းကလေးအရွယ်ပဲရှိအုန်းမယ်။ အဲ့အချိန်တုန်းက ငါးတန်းမှာ မင်းတေဇရယ် ၊ ညီသခင်ရယ် ၊ တာရာရယ် ၊ ကြယ်ခရယ် ၊ ခွန်စိုင်းရယ်တို့ ဖြစ်တယ်။ အဲ့အထဲမှာ အရပ်အရှည်ဆုံးကတော့ ခွန်စိုင်းပဲ။ အခန်းထဲမှာဆိုလည်း အဆင့် တစ် နဲ့ ငါး ဆို ဒီငါးယောက်ပဲ ပြန်ရနေကြတာ ဆရာမတွေကလည်း ချစ်ကြတယ်။ ဒီငါးယောက်ကလည်း အစပိုင်းက စာပြိုင်သလိုကနေ အရမ်းခင်သွားကြပြီး သွားအတူ လာအတူ စားအတူ အရာတိုင်ပင်အတူတူဖြစ်ခဲ့တာပေါ့။

တူညီသောချစ်ခြင်းမေတ္တာစီးကြောင်းWhere stories live. Discover now