တူညီသောချစ်ခြင်းမေတ္တာစီးကြောင်း (၁)

256 15 0
                                    

တရွေ့ရွေ့ဖြင့် လမ်းလျှောက်နေသည်။ သစ်ရွက်ခြောက်များကတော့ ဖိနပ်အောက်တွင် တကြွပ်ကြွပ်  အသံပြုနေသည်။  အခု  လမ်းပေါ်တွင် ဘယ်သူမှလည်းမရှိကြသလို သစ်ရွက်များကို နင်းခြေရင်း စကားတစ်ခွန်းဆိုလိုက်သည်။

" မင်း အရမ်းရက်စက်တယ်ကွာ။ မင်း ငါ့အပေါ်မှ လုပ်ရက်တယ်။ မင်းကို အရမ်းချစ်လို့ မင်းပြောသမျှတွေ  အမှန်မဟုတ်တာကို သိသိကြီးနဲ့ အလိမ်ခံခဲ့သူပါ ။ အခုတော့ မင်းအမှားကို မင်းမမြင်ဘဲ ငါ့အမှားလုပ်ဖြစ်ပီး ငါ့ကို မုန်းတယ်တဲ့လားကွာ။ "

လေပြေများအစား လေပူများသည်  လမ်းပေါ်သို့ ဝူးကနဲ တိုက်ခတ်လာသည်။ ထိုအချိန်တွင် သစ်ကိုင်းအခြောက်များလည်း  ဝုန်းကနဲ ပြုတ်ကျလာသည်။  သို့သော်  မည်သည့်ခံစားချက်မှ မရှိတော့။ ခေါင်းထဲတွင်လည်း အဖြေဟူသောအချက်ကို  စဉ်းစားရင်း ခေါင်း ထူပူလာသည်။

" ကလင် ကလင် "

စက်ဘီးဘဲလ်တီးသံကြားသဖြင့် အနောက်ကို လှည့်ကြည့်လိုက်သောအခါ ချိုသာသော  အပြုံး  ဒါပေမယ့် စိုးရိမ်နေသော မျက်လုံးများဖြင့်  ကြည့်နေသော မင်းတေဇကို တွေ့လိုက်ရသည်။

" တာရာ မင်း ညီသခင် နဲ့ စကား များလာတယ်ဆို အခု အဆင်ပြေရဲ့လား။ ငါ  ကြယ်ခဆီက Msg ရရချင်း  မင်းရှိမယ်ထင်တဲ့ တမာလမ်းထဲ ထွက်လာခဲ့တာ။ "

" ငါ အဆင်ပြေပါတယ် တေဇရာ။ ငါ ခံပြင်းမိတာလေးပါ။ ငါလေ ညီကို အချစ်ပိုတာကို မင်းတို့အသိပါ။ ငါ့ကိုယ်ငါလည်း ဘာလုပ်မှန်းမသိတော့ဘူး။ "

" ကဲ စက်ဘီးပေါ်တက်ကွာ ဦးပိန်ဘက် ခဏသွားရအောင်။ စိတ်ပြေလက်ပျောက်  စက်လှေစီးကြမယ်ကွာ။ "

ကျွန်တော်မှာ သူငယ်ချင်းတွေရှိတယ်။ ငယ်စဉ်ကတည်းက တွဲလာတဲ့သူငယ်ချင်းတွေပေါ့။ ကျွန်တော်ရယ် ။ ညီသခင်ရယ် ။ ကြယ်ခရယ်။ မင်းတေဇရယ်။ ခွန်စိုင်းရယ်ပေါ့။ ခွန်စိုင်းကတော့ သူ့ရဲ့ဇာတိဖြစ်တဲ့ ရှမ်းပြည်ဘက်ကို ပြန်သွားတာ ခြောက်နှစ်ကျော်ပီ။ အဆက်အသွယ်မရတော့ဘူး။ ကျွန်တော်တို့ ရတနာပုံတက္ကသိုလ် ပထမနှစ်ရောက်ပီ။ ကျွန်တော်တို့ လေးယောက်စလုံး မေဂျာအတူတူ ယူဖြစ်တယ်။ E-Major ပေါ့။ ကျွန်တော် ညီသခင်ကို သူငယ်ချင်းထက် သံယောဇဉ်ပိုခဲ့တယ်။ ညီသခင်ကလည်း နာမည်အတိုင်း လူက ခပ်ခြေခြေပါပဲ။ ကျွန်တော်တို့ လေးယောက်စလုံး အတန်းမှာ ခပ်ဖြောင့်ဖြောင့်နဲ့ လူချောစာရင်းထဲပါ ပါတယ်။ မိန်းကလေးတွေက F4 လို့တောင် ပြောကြတယ်။

တူညီသောချစ်ခြင်းမေတ္တာစီးကြောင်းWhere stories live. Discover now