ကဗျာလွတ် ၊ ကာရန်လွတ် နှုတ်ခမ်းဖျားက ယိုစိမ့် လာတဲ့နာမည်တစ်ခုအခြေတည်သည့်စကားဟာ
တကယ်တော့ sooyeon အတွက်
နာကျင်မှု အုတ်မြစ်သာ။"ဘာကြောင့်လဲ..Taeyeon!!
ငါဘာတွေမှားခဲ့လို့..ငါ့ချစ်သူ
Mi Youngကို မတရားသိမ်းယူချင်နေရတာလဲ..!!"နာကျင်လှပြီ...ချုပ်နှောင်ထားတဲ့သံကြိုးတွေရဲ့ တခြွန်းခြွန်းမြည်သံက
လက်ပန်းကျ နေတဲ့ sooyeon အတွက်
ညာတာမှုမရှိ။"Sooyeon!!"
လဲကျလုမတတ်ပြေးဝင်လာတဲ့ Mi Youngမှာ အားယုတ်လျော့နေသည့်
သူမချစ်သူကို ပြေးဖက်၏။Sooyeon မမြင်ချင်ပါ။ Mi Young၏
တောင်းပန်ခယနေမှုနှင့် အောင်နိုင်သူအပြုံးနှင့် taeyeon ကို။ယခုအချိန် Mi Young ကိုပွေ့ဖက်ကာ
သူ့ကြောင့်ကျသည့်မျက်ရည်ကို
သုတ်ပေးချင်သည်။ အနမ်းဖွဖွများဖြင့်
ဝမ်းမနည်းစေရန် နှစ်သိမ့်ပေးချင်သည်။"Taeyeon ဘာကြောင့် ဒီလိုတွေလုပ်ရတာလဲ? ထီးနန်းအတွက်လား?
ဒါမှမဟုတ် ငါ့အပေါ်မကျေနပ်တဲ့အကြောင်းအရင်းများရှိလား?"Taeyeon ~ tiffany အားဆွဲထူလိုက်ကာ အထိန်းတော်အချို့ကို နန်းဆောင်သို့ပြန်ပို့စေသည်။
"ဘာအကြောင်းပြချက်မှမရှိဘူး
Sooyeon !! ငါနင့်ကိုမမုန်းသလို ၊
ထီးနန်းအတွက်လဲစိုးရိမ်လို့မဟုတ်ဘူး၊
ငါသိတယ် sooyeon!! ငါ့လုပ်ရပ်က
ရှင်ဘုရင်တစ်ယောက်မလုပ်သင့်တဲ့
လုပ်ရပ်ဆိုတာ..၊ ဒါပေမဲ့ နောက်ဆုံးအကြိမ်အဖြစ် မှားခွင့်ပေးပါ၊
Mi Young ကို ငါသိပ်ချစ်တယ်...!!
ပြည့်စုံလွန်းတဲ့ငါ့အတွက်..တစ်ခုတည်းသော လိုအပ်ချက်က Mi Young ဘဲ!!
ငါ့အပေါ်ခွင့်လွတ်ပါ Sooyeon !!
ဒီအပြစ်အတွက် အပြစ်ကြွေးဆပ်ရမယ်
ဆိုရင်လည်း ငါလက်ခံပါမယ်..!!
Mi Youngကိုတော့ငါ့အနားက
ထွက်သွားခွင့်မပြုနိုင်ဘူး..!!"Taeyeon ၏မျက်ရည်များက
Sooyeon ၏ဒေါသစိတ်ကို
အမှုန့်ကြိတ်လိုက်သည်။