စစ်ထွက်သူ ရှင်ဘုရင်၏လက်ထဲရှိ
ဓားမှာ ရွှေရောင်တလက်လက်တောက်ပနေသည်။"Hyo!! Mi Young နိုးပြီးလား"
Taeyeon တိုက်မြင်းအနက်ရောင်ကြီး
၏ဇက်ကြိုးကို တင်းတင်းဆုတ်ကိုင်လျက်မေး၏။Hyoyeon ၏ လျှောက်တင်ချက်သံကြားပြီးနောက် taeyeon သက်ပြင်းဖွဖွချမိသည်။
စစ်ထွက်သူ မောင်ကြီးအား အားပေး ၊
လွမ်းဆွတ်သည့် နှမတော်မှာ
Taeyeon အတွက်တော့ ရာဇ၀င်ထဲမှ
ဇာတ်လမ်းတစ်ပုဒ်သာဖြစ်၏။ချစ်ခင်သူ မိဖုရား၏ မျက်နှာလွဲ
အကြင်နာမဲ့မှုမှာ..
Taeyeon အတွက် သမိုင်းသစ်ရေးစရာ
အဖြစ်ထင်ကျန်နေတော့မည်။"ကယ်..ဒါဆိုလဲသွားကြတာပေါ့..!!
စစ်ထွက်ဖို့ပြင်တော့.."Taeyeon ၏အမိန့်အာဏာသံအဆုံး
အနက်ရောင် သိမ်းငှက်ကဲ့သို့
စူးရဲ ၊ တိုက်ခိုက်ရည် ပြည့်ဝသည့်
Kim စစ်တပ် နန်းတော် ပင်မ တံခါးဝကြီးမှတသိမ့်သိမ့်ထွက်ခွာကြ၏။================
သားရည်သားပေါ်ရေးဆွဲထားသည့်မြေပုံ
ပေါ် taeyeon လက်ထောက်လိုက်၏။"ဒီတောင်ကုန်းဘက်မှာ ငါတို့
ချုံခိုတိုက်ရမယ်..!! တစ်ဖက်က
ရေစီးသန်တဲ့ မြစ်ဘဲ ရှိတဲ့အတွက်
သူတို့လွတ်လမ်းမရှိဘူး.."စစ်သေနာပတိများနှင့် စစ်သူကြီး အယောက်နှစ်ဆယ်. ငါးသိန်းသော စစ်သည်အင်အားနှင့် ရန်သူလာနှိမ်နှင်းသော
Taeyeon မှာ စစ်ဗျူဟာ ချခင်းရာ၌လည်းထက်မှတ်လွန်းလှ၍ ရှုံးဖွယ်ရာမရှိ။ယခုသူတို့တိုက်ခိုက်ရမည့်ရန်သူမှာ
တစ်ချိန်က မဟာမိတ်ပြုထားသည့်
နိုင်ငံ Han နိုင်ငံဖြစ်သည်။
Kwon နိုင်ငံအား စစ်သည်အင်အားထောက်ပံ့မှုနှင့်ပတ်သတ်၍ အငြိုးထားကာ နယ်နိမိတ်ကျူးကျော်ရန်
ကြိုးပမ်းပြီး စစ်ကြေညာခဲ့ခြင်းဖြစ်၏။"အရှင်.."
Hyoyeon အလောတကြီးဝင်လာကာ
Taeyeon အားလျှောက်တင်၏။