*သေခြင်းတရား......။
သိပ်ကြောက်ဖို့ကောင်းတယ် "ငယ်".......။
အရမ်းရက်စက်တယ်........။
ကိုယ်ချစ်တဲ့သူတွေကို ကိုယ့်ဘေးကနေ ရက်ရက်စက်စက် ခွဲထုတ်သွားတတ်တယ်.....။*မငိုပါနဲ့လို့တော့ မတားချင်ပေမဲ့ "ငယ့်" မျက်ရည်တွေ မြင်ဖို့ ကိုယ့်မှာ အားမရှိဘူး......။
"ငယ့်" ဘေးနားမှာ "ငယ့်" မျက်ရည်တွေ သုတ်ပေးပြီး နှစ်သိမ့်ချင်ပေမဲ့ ကိုယ်က ဘာကောင်မှ မဟုတ်ဘူးလေ.......။* တစ်ခုတော့ "ငယ်" သိထားရမယ်.......။
"ငယ်" မျက်ရည် တစ်စက်ကျတိုင်း "ငယ့်" ဘေးမှာ ရှိတဲ့ လူ(၈) ယောက်နဲ့အတူ သန်းပေါင်းများစွာသော လူတွေလဲ ငိုကြွေးနေတယ် ဆိုတာပဲ............။*အားတင်းထားပါ "ငယ်" ...........။
"ငယ့်" ဘေးက လူတွေကို ကြည့်လိုက်ပါဦး
"ငယ့်" အတွက် အသက်ဆက်နေရတာလေ....။
သူတို့ အတွက်ပဲ ဖြစ်ဖြစ် "ငယ်" အားတင်းထားစမ်းပါ .........။*ကိုယ်သိတာပေါ့ .........။
"ငယ်" ဆိုတာ စင်ပေါ်မှာ ဘယ်သူမှမသိတဲ့ ကကွက်မှားတာတောင် ကလေးတစ်ယောက်လို ငိုပြီး တောင်းပန်တဲ့ကလေး.......။
အဲ့လောက် စိတ်ထားနူးညံ့ပြီး စိတ်ပျော့တဲ့ ကလေးမှ ကံတရားက ရက်စက်လေရဲ့......။*"ငယ့်" အတွက် ဒီအချိန်မှာ ဘယ်စကားလုံးကမှ နှစ်သိမ့်မပေးနိုင်မှန်း သိပါတယ်.......။
ဒါပေမဲ့ "ငယ်" ဒီလမ်းက လူတိုင်း သွားရမှာပဲ...။
ဖခင်ဆိုတဲ့ တံတိုင်းကြီး ပြိုကျတာ ကမ္ဘာပျက်တာနဲ့ မခြား ဆိုတာ နားလည်ပါတယ်....။*ငိုလိုက်ပါ "ငယ်" ငိုကြွေးလိုက်ပါ.....။
အခုချိန်မှာ ကိုယ်တွေ ရင်ထဲမှာလဲ "ငယ့်" ထက်မပိုတောင် မလျော့တဲ့ စိတ်ထိခိုက်မူတွေ ရှိနေပါတယ် "ငယ်"........။
ဘာပဲဖြစ်ဖြစ် "ငယ့်" ဖေဖေက ကိုယ်တွေရဲ့ အဖိုးတန် ကြယ်လေး Kim JongIn ဖြစ်လာရတဲ့ တခုထဲသော အကြောင်းရင်းမလား.......။*Kim Appa လဲ ကောင်းရာ မွန်ရာ ရောက်ပါစေ.....။
သားငယ်ရဲ့ ဆန္ဒကို ဖြစ်မြောက်အောင် အားပေးတဲ့ Kim Appa ရေ..... အခုလဲ "ငယ့်" ရဲ့ ဆန္ဒနဲ့ဘဝက တစ်ထပ်တည်းကျနေပါပြီ.....။
"ငယ့်" ကို ကောင်းကောင်းမွန်မွန်နဲ့ ပြုစုစောင့်ရှောက်ခဲ့တဲ့ အတွက်လဲ ဖခင်ကောင်း ပီသပါတယ်......။
ကောင်းကင်ဘုံကနေ "ငယ့်" ကို ဆက်ပြီး စောင့်လျှောက်ပေးပါနော်......။#StayStrongJongIn
#R.I.P_Kim_ Appa
#We_stand_with_you_JongIn
#We_will_always_beside_you
20180507 💔💔💔
YOU ARE READING
Never End :‹
Non-Fiction'သူ' ဆိုတာ အဝေးက ငေးကြည့်ရုံပဲ ဘယ်တော့ မှကိုယ့်ဆီရောက်လာမှ မဟုတ်သလို ဘယ်တော့မှ ပိုင်ဆိုင်မှာ မဟုတ်တဲ့ ကိုယ့်ရဲ့ ကြယ်လေး ~~~