* 19920506.........။
ကောင်းကင်ကြီးက ခါတိုင်းထက်ပိုပြီး ကြည်လင်နေတယ်........။
လမင်းကြီးကလဲ ဒီနေ့မှ ပိုပြီး လင်းနေသယောင်..........။
ဘေးနားက ကြယ်လေးတွေကလဲ ပိုပြီး လက်နေလေရဲ့.............။*ကောင်လေးတစ်ယောက်.......။
လူအများကို လမ်းပြမဲ့ အဖိုးတန် သူတစ်ယောက် မွေးဖွားခဲ့တာ အခုဆို (၂၆) နှစ်ပြည့်ပြီ.......။
တစ်နည်းအားဖြင့် ကိုယ့်ရဲ့ အသက်ဖြစ်တည်လာခဲ့တဲ့ နေ့ရောက်လာခဲ့ပြီ.......။*ဘုရားသခင်က ဘက်လိုက်စွာပဲ လောကရဲ့ ပြီးပြည့်စုံခြင်း အားလုံးကို ထိုကောင်လေး ထဲ ထည့်ပြီး ဖန်ဆင်းလိုက်သလား ထင်ရအောင် ပြည့်စုံနေတဲ့ ကလေးရယ်ပါ..........။
*ဥပမာပြောရရင်- ကိုယ်ဘယ်လောက်ပဲ ပင်ပန်းနေပါစေ သူ့မျက်နှာလေး မြင်လိုက်ရင် ခွန်အားတွေ ဖြစ်လာတာမျိုး..........။
ကိယ်ဘယ်လောက်ပဲ ခက်ခဲနေပါစေ သူ့အသံလေး ကြားလိုက်ရင် အဆင်ပြေသွားတာမျိုး.....။
ကိုယ်ဘယ်လောက်ပဲ အထီးကျန်နေပါစေ သူ့ရယ်သံလေး ကြားလိုက်ရင်ပဲ ပြီးပြည့်စုံ သွားတာမျိုး...........။*မနှစ်က "ငယ့်" မွေးနေ့ ဒီလိုချိန်မှာ ကိုယ်တို့ တစ်မြေထဲ အတူရှိခဲ့ကြတယ်နော်.........။
တူညီတဲ့ လေထုကို ရှူ ရိုက်ရင်း "ငယ့်" ရဲ့ Birthday Song ကို "ငယ်" မကြားနိုင်တဲ့ နေရာလေးမှာပဲ ဆိုရင်း တိတ်တဆိတ် ကြေကွဲရ တယ်..........။*အဲ့အချိန်မှာ စိတ်ထဲ ပြောခဲ့တာက....။
နောက်နှစ် တူညီတဲ့ အဲ့ချိန်ရောက်ရင် "ငယ်" ကြားနိုင်တဲ့ နေရာမှာ ဆက်ဆက်ဆိုပြီး ဂုဏ်ပြုပေးမယ်လို့...........။
ဒါပေမဲ့....... ကိုယ်တို့ အခုထိ ဝေးဆဲပဲ......။*တူညီတဲ့ ကောင်းကင်ကြီး အောက်မှာ မတူညီတဲ့ လေထုကို ရှူ ရိုက်ပြီး ကွဲပြားတဲ့ အချိန်တွေမှာ ခြားနားတဲ့ အလုပ်တွေလုပ်ကြရင်းနဲ့ပဲ....။
တစ်နေ့......။ ဟုတ်တယ် အဲ့ဒီ တစ်နေ့........။
ကံကြမ္မာက မကျီစားပဲနဲ့ မျက်နှာသာ ပေးမဲ့ အဲ့တစ်နေ့မှာ ဆက်ဆက် ဘေးနားလာပြီး ဂုဏ်ပြု ပေးမှာပါ.........။*အခုတော့ အဲ့တစ်နေ့ကို စောင့်ရင်း လွမ်းမောစွာ ငိုကြွေးမယ်..........။
*"ငယ့်" မွေးနေ့မှာ အလိုချင်ဆုံး ဆုတောင်းကတော့ ဘေးနားမှာပဲ အမြဲ ပြုံးရယ်ပြီး နေပေးပါ............။
ဟိုးးး နှစ်တွေ အများကြီးကြာတဲ့အထိ အတူတူ ရှ်နေပေးကြရအောင်............။*ကံကြမ္မာ တစ်ပတ်လည်လို့ ကမ္ဘကြီး အရောင်ပြောင်းတဲ့အခါ.........။
သေချာပေါက် တွေ့ကြမယ်..........။
စောင့်နေမယ်မယ် မလား...။*အခုတော့ "ငယ်" မကြားနိုင်တဲ့ နေရာမှာ...။
"ငယ်" တစ်ခါမှ မသိဘူးတဲ့ သူတစ်ယောက်က။
"ငယ်" နားမလည်တဲ့ ဘာသားစကားတခုနဲ့.....။
"ငယ့်" အတွက် အကောင်းဆုံး ဆိုတာတွေပဲ ဖြစ်လာအောင် ဆုတောင်းရင်း........။*တိတ်တဆိတ် ငိုကြွေးစွာ...........။
*"ငယ်" တစ်ယောက် အစစအရာရာ အဆင်ပြေပြီး ပျော်ရွှင်ပါစေ "
YOU ARE READING
Never End :‹
Nonfiksi'သူ' ဆိုတာ အဝေးက ငေးကြည့်ရုံပဲ ဘယ်တော့ မှကိုယ့်ဆီရောက်လာမှ မဟုတ်သလို ဘယ်တော့မှ ပိုင်ဆိုင်မှာ မဟုတ်တဲ့ ကိုယ့်ရဲ့ ကြယ်လေး ~~~