💎Diamond Romance💎
Part-1
မနက်စောစောစီးစီး ခုနှစ်အိမ်အကွာက အထိကြားရသော မနက်ခင်းချိန်ခါ တေးသံသာလေးကို စတင်ကြားရပါတော့မယ်ခင်ဗျာ......📢📢📢📢🔈🔈🔈😂😂
"အမလေး.....ဘယ်အချိန်ရှိနေပြီလဲ မထသေးဘူးလား.....သည်း ကျောင်းမသွားတော့ဘူးလား.....ဘယ့်နှယ်.....မိန်းကလေးတစ်ယောက်ဖြစ်နေပြီးတော့.......နေဖင်ထိုးအောင် အိပ်ရသလား....."
ထိုအသံကလေးကြောင့် အိမ်မက်ပင်မက်နေသော Lai Guan Linလေးမှာ အိပ်နေရာက ငုတ်တုတ်ထထိုင်မိတဲ့ အထိ......
"ထပြီ.....မားရေ.....အော်နေတာလေး လျှော့တော့......တော်ကြာ မား အသံဝင်ပြီး ပါး ကို အော်ဖို့ အသံမကျန်ဖြစ်ဦးမယ်.."
တကယ်ပင် Ommaဆိုသည်မှာလည်း အဲလိုအသံအောင်သည့်သူရယ်ပါ......အဆိုတော်ပင် လုပ်စား၍ရနိုင်သော.......Omma Jaehwanရယ်ပါ......
ကပျာကသီ အပြေးအလွှား ပြင်ဆင်ကာ.....လွယ်အိတ်ကို ဆွဲပြီး ထွက်လာတော့.........
Breakfast ဝိုင်းတွင် ထိုင်နေသော....ပါး နဲ့ မားကို တွေ့ရလေသည်........
ဪ....မေ့လို့ ပြောရဦးမယ်.....ပါး နာမည်က Hwan Min Hyunပါ......😁😁😁
ဝင်ထိုင်မလို့ ပြင်လိုက်စဉ်.........ချစ်လှစွာသော မား က......
"အောင်မယ်....ဒါက ဘာလုပ်ဦးမလို့လဲ....."
"ဟင်.....မား ကလည်း....Breakfastစားမယ်လေ...."
"အမလေး.....ကျောင်းတံခါး က ပိတ်တော့မယ်.....သည်းက ဒီမှာ ဇိမ်ဆွဲစားချင်သေးတယ်လား.....မရဘူး....ထ.....ရော....Coffeဗူး.....ရော့....Sandwich.....ကားပေါ်မှာ စားသွား.....ထ.....ဟိုလူကြီး...."
သတင်းစာ ဖတ်နေသော ပါး က....ချစ်လှစွာသော သူ့မိန်းမဘက်လှည့်ကာ.......
"ဘယ်လူကြီးတုန်း......မိန်းမရဲ့....."
"အမလေး....ရှင့်ကို ပြောနေတာ ရှင့်ကို.....ဖအေက တစ်မျိုး....သမီးက တစ်မျိုးနဲ့ ပြောရတာ အာညောင်းလိုက်တာ.....ရှင်တို့သားအဖနှစ်ယောက်နဲ့ ကြာရင် အသက်ထွက်တော့မှာပဲ..."
YOU ARE READING
💎Diamond Romance💎
FanfictionKang Daniel×Lai Guan Lin💘💘💘 Ong Seong Woo×Park Ji Hoon💘💘💘