Part-4

180 29 4
                                    

💎Diamond Romance💎

              Part-4

Jihoonတစ်​​ယောက်​.....လက်​ထဲက မုန့်​ကို ဖြည်းဖြည်းချင်းစားရင်း အရသာခံ​နေမိသည်​.......

မြန်​မြန်​ကြီး​တော့ အကုန်​မခံနိုင်​​သေးဘူး​လေ.......ဒါက အ​လျော်​ရလာတာ ဆို​တော့က......အရသာရှိရှိကို ​ဖြေး​ဖြေးချင်းစားသင့်​တာ......😊😊😊😊

(A/N:ဝှစ်​......လူယုတ်​မာ​ပြုံး...😊)

ကျောင်းကို ​စော​စော​ရောက်​​နေ​တော့....ဟိုLinLinမကလည်း မလာ​သေးတာနဲ့......​ကျောင်း​ပေါက်​ဝမှာ အုတ်​နံရံကိုမှီပြီး......ဇိမ်​ခံ​နေခြင်းဖြစ်​သည်​.......

ထိုစဉ်​.........

"ဟဲ့......"

ဆိုပြီး ​အော်​သံနဲ့အတူ.....ဂုတ်​ကို အရိုက်​ခံလိုက်​ရတာ​ကြောင့်​........

"အ.......ဘယ်​လိုလုပ်​လိုက်​တာလဲ....သူများစား​သောက်​​နေတာကို......."

နာသွား​သော ဂုတ်​ကို ပွတ်​ရင်း ပြန်​ရန်​​တွေ့လိုက်​မိသည်​......

ဟုတ်​တယ်​​လေ.....လာရိုက်​တာ ဘယ်​သူရှိရမလဲ.....ဟိုမိLinမ​ပေါ့.......သူအရပ်​ကြီးနဲ့ ပု​နေ​သော ကျ​နော့်​ရဲ့ဂုတ်​ကို ရိုက်​ရိုက်​ချတာကို မကြိုက်​ပါဘူးလို့....ဒီ​လောက်​​ပြောထားတာကို......

"​အေးပါဟယ်​....ငါ မမြင်​လိုက်​လို့ပါ.....Miya.....Miya....."

"နင်​​နော်​.....နင်​....ဟွင်း....ဟွင်း...."

"အာ.....Sandwich မလား.....ငါ့လည်း​ကျွေး....."

"မ​ကျွေးနိုင်​ပါဘူး....ဒါ နယ်​နယ်​ရရ Sandwich မှတ်လို့လား.....မရဘူး....ငါတစ်​​ယောက်​တည်း စားရမှာ...."

"ဟင်​....ဒီSandwichက နယ်​နယ်​ရရမဟုတ်​ဘူး ဆို​တော့.....ဘာလဲ.....ဆိုင်​က အလစ်​သုတ်​လာတာလား....."

"​အောင်​မာ....ငါ့ရုပ်​က Sandwich တစ်​ခု​လေး​လောက်​နဲ့ နာမည်​အပျက်​ခံပြီး အလစ်​သုတ်​မယ့်​ ရုပ်​​ပေါက်​​နေလို့လား....."

(A/N:အင်း​လေ....အင်း​လေ...က​လေးကို.....ကြက်​​ကြော်​တစ်​​ကောင်​​လောက်​ဆို ဟုတ်​တုတ်​တုတ်​....😜😜😜)

💎Diamond Romance💎Where stories live. Discover now