•하나•

1.3K 133 19
                                    

ဆေးရုံကုတင်ထက်တွင် အသိစိတ်ကင်းမဲ့စွာ လှဲလှောင်းနေလေတဲ့ ကလေးငယ်သည် ဖျော့တော့စွာ...

အောက်ဆီဂျင်ပိုက် တို့လို့တန်းလန်း~
ဆေးပိုက်အသွယ်သွယ်နှင့်...
မျက်လုံး၂လုံးကိုအသားပေးပြီး အုပ်ထားတဲ့ ဖွေးဖွေးလှုပ်ပတ်တီးစများက ကြည့်ရက်စရာပင်မရှိပါချေ...

"စိတ်မကောင်းပါဘူး...Mr.Kim...
ကျွန်တော်တို့လည်းအတတ်နိုင်ဆုံး ကြိုးစားပေမယ့် Accident မှာထိခိုက်တဲ့ ဒဏ်ရာကပြင်းတာမို့.... ကလေးငယ်ရဲ့မျက်ကြည်လွှာက လုံးဝကိုပျက်စီးသွားပါတယ်...
သူ့မျက်လုံးတွေအလင်းမရတော့ပါဘူး...."

တိုးလျလျထွက်ပေါ်လာတဲ့ ဆရာဝန်ဖြစ်သူရဲ့စကားကြောင့် ဖခင်ဖြစ်ဟန်တူတဲ့လူဟာ အနည်းငယ်စိတ်မကောင်းဖြစ်သွားသည့်ပုံ...

သို့သော်ငြား....ဘာစကားမှမဆိုပဲ သားဖြစ်သူကိုခပ်ဆွေးဆွေးလေးသာ လှမ်းကြည့်လေတယ်...

ဘေးကအမျိုးသမီးငယ်ကတော့ ဟက်ခနဲတစ်ချက်ပြုံးပြီး.... ကလေးငယ်ကိုရွံရှာသလိုလှမ်းကြည့်တယ်...

"ကျွတ်စ် ကျွတ်စ် ကျွတ်စ်~~ ဒုက္ကိတတောင်ဖြစ်သွားရှာပြီပဲ~
အဲ့လို ဒုက္ကိတကိုတော့ ဟန်နီဘယ်လိုနည်းနဲ့မှ သားမတော်နိုင်ဘူးနော် ဒါလင်!
အပြတ်ပဲပြောမယ် အဲ့ကောင်လေးကို အဝေးပို့လိုက်ပါ!"

ဆရာဝန်ထွက်သွားပြီးအတော်ကြာမှ စကားစလာလေသောထိုအမျိုးသမီးငယ်သည် စာနာစိတ် စိုးစဉ်းမှရှိဟန်မတူ...

လက်ညှိုးငေါက်ငေါက်ထိုးကာ ရင့်ရင့်သီးသီးစကားပြောထွက်ရက်ပုံက အသည်းနှလုံးမရှိသည့်နှယ်....

အနည်းဆုံးတော့ အခုလိုအချိန်မှာ ဟန်ဆောင်ပြီးပဲဖြစ်ဖြစ် ငြိမ်နေသင့်တယ်မဟုတ်လားလေ...

"ဒါလင်! ဟန်နီပြောတာကြားရဲ့လား~?"

သူမပြောစကားကို အင်းအဲပင် အဖြေပြန်မပေးလာသည်ကြောင့်ထင့် ယောက်ျားဖြစ်သူ၏အနားသို့သွားကာ ညုတုတုစကားဆိုပြီး အချွဲပိုပြနေလေသည်...

"အွန်း...ဟန်နီ့သဘောပါ...
ဒါပေမယ့် သားနေကောင်းသွားတဲ့အထိတော့ ဆေးရုံမှာပဲထားပါရစေနော်..."

Escape From Darkness~Dove le storie prendono vita. Scoprilo ora