"ကျစ်....Hunကွာ...လမ်းလျှောက်ရတာတောင် အဆင်မပြေဘူး....''
ကွတတ ဖြစ်နေသော ကိုယ့်ကိုယ်ကို စိတ်ပျက်ရင်း သူ့နာမည်ကို တိုင်တည်မိသည်.....။
သူကတော့ အပူအပင်ကင်းစွာ အိပ်စက်နေလိုက်သည်မှာ ပြာလွင်လွင်မွေ့ယာနှင့်အပြိုင် ဝင်းဖန့်ကြည်လင်လျက်....
ညက ထိုလူဆိုးကြောင့် သွားဖို့လာဖို့တွေ မပြင်လိုက်ရတာကြောင့် မနက်ခင်းစောစောထပြီး luggageပြင်နေရတာဖြစ်သည်....။
အလျင်လိုတော့ ခရီးကမတွင်....အလောတကြီး လှုပ်ရှားလိုက်တိုင်း ခန္ဓာကိုယ်အောက်ပိုင်းတစ်နေရာမှ အောင့်မျက်လာသလို အညိုအမည်းဆွဲနေလောက်သော ပေါင်သားနုနုပေါ်မှ သူ့လက်ရာတွေကလဲ နာသည်....။
လေးရက်စာမို့သာပဲ.....တစ်လလောက်များ ခရီးသွားရမည်ဆိုလျှင် သူမနက်နိုးရင် အသက်ပင်ရှိတော့မည် မဟုတ်.....
တချွတ်ချွတ် ဒီလောက် အလုပ်များနေတာတောင် သူကတစက်ကလေးမနိုး....အင်းပေါ့ တော်တော်ပင်ပန်းသွားရှာမှာ...
ဖြတ်ကနဲလင်းကာ တက်လာသော ဖုန်းscreenမှ messageကို စစ်ကြည့်မိတော့...
"အစ်ကိုလေး...သားသား ကိုယ်နည်းနည်းပူနေတယ်''
ညကတည်းက သားက မပြန်စေချင်၍ ဂျီကျနေတာဖြစ်သည်....အမှန်ဆို သူခရီးသွားခါနီး သားသားကို အချိန်ပေးရမှာဖြစ်သည်လေ...
သို့သော် တဖက်က Hunကလဲ ဇွတ်လာမည်ပဲ ပြောနေသည်....
ခက်သည်....ကြာရင် ဒီသားအဖနှစ်ယောက်ကြား သူပြေးပေါက်ရှိပါ့မလား..
ခေါင်းမာတဲ့နေရာလဲတူသည်။
ဂျီကျ ဂျစ်တိုက်တဲ့နေရာလဲ တစ်ပုံစံတည်း...
လူကို ခင်တွယ်လိုက်သည်မှာလဲ ရောက်သည်နှင့် တောက်တဲ့လို ကပ်နေကြသည်က သားအဖဟုပင် ပြောစရာမလို....။ရေချိုးခန်းထဲဝင် လော့ခ်သေချာချ bath tubထဲကို ရေဖွင့်ချထားလိုက်ပြီးမှ သားဆီ စိတ်ချလက်ချဖုန်းခေါ်ရသည်....။
"Hello....arjuma သားသားက ဘယ်လိုဖြစ်တာတုန်း''
"စိတ်ပူစရာတော့ မလိုပါဘူး သားရေ...ညက သားပြန်သွားတော့ သူအိပ်နေပြီလေ...ခဏကြာတော့ ပြန်နိုးလာရော ထပ်ဂျီကျတာနဲ့ အငိုတိတ်အောင် bubble teaတိုက်လိုက်တာ ရာသီဥတုကအေး အချိုစားတော့ ချွဲ ကြပ်ပြီး ကိုယ်လေးနည်းနည်းနွေးနေရုံပါ...''

YOU ARE READING
Before&After
Fanfictionငါတို့က အိမ်ထောင်ရေးဖောက်ပြန်နေကြတာလား......ဟင့်အင်း....မဟုတ်ဘူးနော်......မဟုတ်ဘူးမလား Hun.......