အချစ်ရေ.....
ရက်စက်သွားသူ ထားရစ်နိုင်ခဲ့သူလို့ မင်းကို ခေါင်းစဉ်တပ်ဖို့တောင် အခြေအနေတွေက ကိုယ့်ကို အခွင့်မပေးတော့ဘူးလေ....။
ဂန္တဝင်တွင်ရလောက်တဲ့ထိ မင်းက ကိုယ့်ကို ချစ်ပြခဲ့တာလား ဟန်...အချစ်ရယ်....။
ဘယ်သူမှ အသိအမှတ်ပြုခွင့်မရတဲ့ အချစ်တစ်ခုအတွက်တောင် ဘဝကိုပုံပြီးပေးခဲ့တဲ့ မင်းကို ကိုယ်ဘာမှ လုပ်ပေးခွင့်မရသေးဘူးလေ။
မင်းမရှိတော့ခြင်းကိုတောင် ကိုယ့်မှာ လွတ်လွတ်လပ်လပ် ကြေကွဲခွင့်မရခဲ့ပါဘူး အချစ်ရယ်...
ကိုယ့်ကို ချစ်ကြပါတယ်ဆိုတဲ့ ကိုယ့်မိသားစုတွေဟာ ကိုယ်ကောင်းစားဖို့ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ချစ်ခြင်းတရားအစစ်အမှန်ကို မြေမြှပ်သင်္ဂြိုလ်ပစ်လိုက်ကြလေရဲ့....
အချစ်ရေ မင်းပျော်ရွှင်မယ်လို့ ထင်ခဲ့တဲ့ ကိုယ့်နေထိုင်မှုဘဝကို ကိုယ်မွန်းကြပ်ခဲ့ပာတယ်....
ဒာပေမယ့် အောင်မြင်တဲ့ဘဝကို ကိုယ်မစွန့်လွှတ်နိုင်ခြင်းနဲ့အတူ မွန်းကြပ်ခြင်းတွေကိုပါ လက်ခံခဲ့တယ်..
အဲဒီအခြေအနေတွေမှာ မင်းက ကိုယ့်ရဲ့ ထွက်ပေါက်လေးတစ်ခုပေါ့...မင်းကြားရင် စိတ်ဆိုးမှာပဲနော် ''ငါက မင်းအတွက် အဲဒီ အဆင့်ပဲလား'' ဆိုပြီးလေ...
အဲဒီအဆင့်ထက်ပိုရင် မင်းရော ကိုယ်ရော မမြင်နိုင်တဲ့ လမ်းအဆုံးကို ရောက်သွားကြမှာ အချစ်ရဲ့...ကိုယ် အတွေးတိမ်နေသလား....
မင်းကြိုက်သလိုထင်လိုက်ပါ....
ကိုယ်တို့ ဘဝတွေဟာ ပိုထူးပြီး ပျော်ရွှင်လာဖွယ် အလွန်နည်းခဲ့လို့ လက်တွဲရင်ဆိုင်ခြင်းဆိုတဲ့အဆင့်ကို ကိုယ်မတက်ခဲ့တာ မင်းနားလည်ပေးဖို့မျှော်လင့်ခဲ့တာပါ အချစ်လေးရယ်။ကိုယ့်အတ္တအတိမ်အနက်ကို မင်းသိရက်နဲ့တောင် ပေးဆပ်ခဲ့တဲ့ အချစ်တွေအတွက် တသက်လုံး မင်းကို တမ်းတခြင်းတွေနဲ့ပဲ ကိုယ်ဖြတ်သန်းဖြစ်တော့မယ် ထင်တယ်။.....
တစ်ချိန်က စာကြည့်တိုက်မှာ ကိုယ်ခိုးကြည့်ခဲ့ရတဲ့ အညိုဖျော့ဖျော့ မျက်ဝန်းဝိုင်းလေးတွေ......
ဘယ်သူမှ မမြင်အောင် ခုံအောက်မှာ ခိုးကိုင်ခဲ့ရတဲ့ လက်ဖဝါးနုနုလေးတစ်ဖက်....
နမ်းမဝခဲ့တဲ့ ဆေးမကူ နှုတ်ခမ်းသွေးရဲရဲလေးတွေ...

YOU ARE READING
Before&After
Fanfictionငါတို့က အိမ်ထောင်ရေးဖောက်ပြန်နေကြတာလား......ဟင့်အင်း....မဟုတ်ဘူးနော်......မဟုတ်ဘူးမလား Hun.......