Our painful love

2.3K 237 21
                                        

ဒီ​နေ့ သူငယ်​ချင်းတစ်​​ယောက်​ရဲ့ ​wedding ဆို​တော့ကာ wedding ကျင်းပရာ ဟိုတယ်​ကို ​ရောက်​​နေခြင်းဖြစ်​သည်​.......

ကျွန်​​တော့ သူငယ်​ချင်းဟာလဲ သတို့သမီးဖြစ်​​နေပြန်​​​တော့ သူမရှိရာ dress roomထဲသို့ ဝင်​မိတ်​ဆက်​ရ​ပေဦးမည်​.....

"ဟာ....luhan နင်​တကယ်​လာတယ်​​ပေါ့...."

အ​ပေါက်​ဝမှာ ရပ်​​နေ​သော ကျွန်​​တော့ကိုမြင်​သည်​နှင့်​ သူငယ်​ချင်းမက ဝမ်းပန်းတသာ နှုတ်​​ဆက်​ရှာသည်​....သူမ၏ သူငယ်​ချင်း​တွေဖြစ်​ပုံရ​သော မိန်းက​လေးတချို့ဟာ​တော့ ကျွန်​​တော့ကိုမြင်​သည်​နှင့်​ အချင်းချင်းလက်​ကုတ်​ကာ တီးတိုးစကားဆို​နေကြသလို ကျွန်​​တော်​ကြား​အောင်​ပင်​တမင်​​ပြော​နေသလားထင်​ရ​အောင်​ ချီးကျူးသံ​တွေကို အတိုင်းသားကြား​နေရသည်​.....

"ဝါး....ဟဲ့ အဲဒါluhanမလား....​ချောလိုက်​တာ​နော်​ မှုံညက်​​နေတာပဲ....ဟဲ့​ ငါတို့ကိုလဲ မိတ်​ဆက်​​ပေးဦး​လေ...."

"​အေးပါ​အေ....ညည်းတို့ကလဲ တိုးတိုးလုပ်​ကြပါ....အိ​နြေ္ဒကိုမရှိဘူး...."

သူတို့ကိုကြည့်​ပြီး ကျွန်​​တော်​ပြုံးမိသည်​ထင်​ပါသည်​.....ဒါ​တွေဟာ ကျွန်​​တော့အတွက်​​တော့ မထူးဆန်း​တော့ဘူး​လေ.....အနုပညာရှင်​တ​ယောက်​မဟုတ်​​ပေမယ့်​....ကျွန်​​တော့အစွမ်းအစ​တွေဖြင့်​ရရှိလာ​သော ​အောင်​မြင်​​ကျော်​ကြားမှုများ​ကြောင့်​မို့ ဂုဏ်​ယူမိသည်​....

"​Luhanရယ် ..လာစမ်းပါ အ​ပေါက်​ဝမှာ ဘာရပ်​လုပ်​​နေတာလဲ.....ပြီးရင်​ ငါ့သတို့သားနဲ့ မိတ်​ဆက်​​ပေးမယ်​...ငါ့သူငယ်​ချင်း​တွေက ကိုက်​မစားပါဘူး...ဝင်​ခဲ့ပါ"

"ဟုတ်​သားပဲ....luhan-ssi ကလဲ...လာပါ.."

ထိုင်​ခုံ​နေရာ​တွေ ဘာ​တွေ​ပေးကာ အ​ရေးတယူ​တွေလုပ်​​ပေး​နေကြ​တော့ ​နေရခက်​လာတာ​တော့အမှန်​ပင်​.....

"လာပါပြီ လာပါပြီ.....Jung Eun....ဒီ​နေ့သိပ်​လှ​နေတယ်​....ဘယ်​လိုလဲ ​ပျော်​တယ်​မဟုတ်​လား..."

"ဟီး...​ပျော်​တာ​ပေါ့ဟ....ဒါနဲ့ ငါ့သူငယ်​ချင်း​တွေနဲ့ အရင်​မိတ်​ဆက်​​ပေးမယ်​ ဒါက​တော့...."

Before&AfterDonde viven las historias. Descúbrelo ahora