Just Friends!!!
"မုန်းစရာကောင်းတဲ့ကောင်
ရုပ်ကိုက ကျောက်ကျောရေပက်မျက်နှာ...
ပြောင်ချော်ချော်နဲ့ "ဘယ်လောက်ပဲ ကျိန်ဆဲနေပါစေ
ကင်ဂျုံအင်းဆိုသည့် အနှီလူသားသည်
ကျွန်တော့ဘေးနားက
ထွက်မသွားဘူးဆိုတာကို
မသိစိတ်က အလိုလို လက်ခံထားသည်။သူနဲ့ကျွန်တော်နဲ့အတန်းချင်းမတူတာတောင်
Lollipop တစ်ချောင်း ကို ပါးစပ်ထဲသွင်းပြီး ကျွန်တော့်ဘေးနားမှာ ပြောင်ချော်ချော်မျက်နှာနဲ့လာထိုင်နေတာ ။
ရုပ်ကိုက ဆွဲစုတ်ပစ်ချင်စရာ။
သူငယ်ချင်းဆိုတဲ့စည်းထဲ အသည်းအသန် သွပ်သွင်းထည့်ထားတာတောင်မှ
သူကတစ်ခါတစ်လေ ထဖောက်ချင်သေးတာ။
ူ
ဲငုံးကောင်။
ခဏခဏ ဆဲနေတယ်ဆိုပြီးတော့တော့
ကျွန်တော့်ကို စိတ်မကွက်ကြပါနဲ့။
အစကတော့ ကျွန်တော်က သဘောဖြူ အူရိုးလေးပါ။အဲ့ဒီ Kim Jongin ဆိုတဲ့ငုံးကောင်နဲ့ ပေါင်းတာများပြီး ဒီလို အပြောကြမ်း အဆိုကြမ်း ဖြစ်လာရတာ။"ဆရာမ လာတော့မယ်ထင်တယ်
ကိုယ်သွားပြီနော် အသည်းလေး..
စာကောင်းကောင်းသင်နော်
နေ့လယ်ထမင်းစားချိန်ကြမှတွေ့မယ်....
mwah.."အတန်းထဲက ထွက်ခါနီးမှာ ကျွန်တော့်ကို သူမွေးထားတဲ့ သားသမီးတစ်ယောက်လိုမျိုး
တစ်ခုပြီး တစ်ခုမှာမယ်၊ကျွန်တော်မကြိုက်တဲ့ အသည်းလေးဆိုတဲ့နာမ်စားကိုခေါ်မယ်၊
ပြီးရင်ကျွန်တော့်ရဲ့ ကတုံးဆံပင်ပေါက်ခေါင်းလေးကိုနမ်းမယ်
ဒါနေ့တိုင်းသူလုပ်နေကြတွေ။
ဘာလို့ ငြိမ်ခံနေရသလဲတော့ မမေးကြပါနဲ့ ။
အဲ့ငုံးကောင်က ကျွန်တော်မကြိုက်တာတွေချည်းပဲ တန်းစီလုပ်ပြီးရင် လေပွေက ဘိုးအေခံရလောက်အောင်ကို မြန်မြန်ဆန်ဆန်နဲ့ အခန်းထဲကပြေးထွက်သွားတတ်တာကိုး။
မသိရင် ခြေထောက်မှာ စက်တပ်ထားသလိုမျိုး...။"အသည်းလေးတဲ့ ခွိခွိ...
အသည်းလေး....အသည်းလေး""Oh Sehun!!!
မင်းပါးစပ်ကို ငါပိတ်ပေးရမလား
မင်းဘာသာမင်း ပိတ်မလား""ငါ့ဘာသာငါပဲ ပိတ်ပါ့မယ်..
ကြောက်ပါတယ် Doh Kyungsooရယ်
မင်းကိုတော့ မဟုတ်ဘူး...Kim Jongin ကို... "
YOU ARE READING
Just Friends!!!!!
FanfictionKim Jongin ရေ သူငယ်ချင်းဆိုတာကို အင်္ဂလိပ်လို F_R_I_E_N_D_S လို့ပေါင်းတယ်ကွ မသေမချင်းမှတ်ထား...