သွေးသား မတော်စပ်တဲ့ သူစိမ်းနှစ်ယောက်ဟာ
တစ်ယောက်နဲ့ တစ်ယောက် နင့်နင့်နဲနဲချစ်နေရက်နဲ့
သူငယ်ချင်းဆိုတဲ့ စည်းထဲ တုပ်တုပ်မျှ မလှုပ်ဘဲ နေလို့ရလား?.
.
.
."လိုက်ခဲ့စမ်းပါ Kyungsoo ရာ
မင်းမလိုက်ရင် Kim Jongin ကို ထိန်းမယ့်လူမရှိဘူးကွ
သူက ဘာရော ညာရော နားလည်တဲ့ကောင်မဟုတ်ဘူး..
အကုန်လုံး ရောနှောပြီး ဗြင်းတဲ့ကောင်..."အထက်တန်းနောက်ဆုံးနှစ်တွေအတွက်ပဲ ကျောင်းကစီစဉ်ပေးသော ခရီးမှာ Oh Sehun ရော Kim Jongin ရောပါပေမယ့်
Kyungsoo ကတော့ သိပ်စိတ်မဝင်စားသဖြင့် မလိုက်ဖြစ်..
ဒါကိုပဲ Oh Sehun ကမရမက ခေါ်နေခြင်းဖြစ်သည်။
Doh Kyungsoo ဆိုတာ
Kim Jongin ရဲ့ အထိန်းတော်ကြီးဆိုတော်လည်း
သွားလေရာ တကောက်ကောက်လိုက်ရုံပေါ့..
မဟုတ်ရင် Sehun ပြောသလို သူက ဘာရောဘာရော ခွဲမနေဘဲ အကုန်ဗြင်းမည့်ကောင်လေ။"ပြီးရောကွာ..လိုက်ရင် ပြီးရောမလား
နားငြီးတယ်.. မင်းနေရာ မင်းပြန်သွားတော့..သွား!""အသည်းလေးက အကောင်းဆုံးပဲ "
"ဟေ့ရောင်!!"
စပ်ဖြဲဖြဲစကားဆိုရင်း သူ့နားက ထွက်သွားသည့် Oh Sehun ကို လက်သီးတစ်ချက်လှမ်းရွယ်ရင်း ဖတ်လက်စ စာအုပ်ကိုသာ ဆက်ဖတ်နေလိုက်သည်။
သူ့လို အေးချမ်းငြိမ်သက်ခြင်းကိုသာ သဘောကျတဲ့လူဟာ ဘယ်လိုကြောင့်များ Kim Jongin တို့ Oh Sehun တို့လိုစပ်စလူးတွေနဲ့ ပေါင်းမိလည်းမသိ။
တစ်နေ့တစ်နေ့ ဒီနှစ်ကောင်ရဲ့ပြသနာကိုလိုက်ရှင်းပေးရတာကိုက သူ့အတွက်အလုပ်တစ်ခုလိုဖြစ်နေသည်။"အသည်း Kyung... Kyung အသည်းလေးရေ "
လာပြန်ပြီ နောက်ထပ်အရှုပ်ထုပ်တစ်ခု။
စိတ်၏ဆင်းရဲခြင်းနဲ့ ပြည့်စုံလိုက်တာနော်။"အသည်းလေး...ဂျယ်ဂျူကို လိုက်မှာဆို
မောင်နဲ့မခွဲနိုင်ဘူးပေါ့ ဟုတ်လား""သွားသေပါ့လား..မင်းတို့နှစ်ယောက်ထဲ လွှတ်ထားရင် ဂျယ်ဂျူ တစ်ကျွန်းလုံးကိုပင်လယ်ထဲ နစ်သွားအောင်မွှေမလားမသိလို့
စိတ်မချလို့ ရှင်းလားး!""ဘယ်လိုပဲဖြစ်ဖြစ် အသည်းလိုက်မယ်ဆို ပြီးရော..."
ဘေးနားလာပြီးပွတ်သီးပွတ်သတ်လုပ်နေသော အာရုံကောင်ကို အဖက်မလုပ်တော့ဘဲ စာသာဆက်ဖတ်နေတော့ တသည်းတည်းသည်းနေပြန်ပြီသည်။
YOU ARE READING
Just Friends!!!!!
FanfictionKim Jongin ရေ သူငယ်ချင်းဆိုတာကို အင်္ဂလိပ်လို F_R_I_E_N_D_S လို့ပေါင်းတယ်ကွ မသေမချင်းမှတ်ထား...