JF2

1.4K 207 15
                                    


Just Friends !!!

သူငယ်ချင်းလေးပါပဲ
သူငယ်ချင်းလေးပဲတဲ့ကွယ်
ဒီလိုအကြိမ်ကြိမ်အခါခါ မပြောပါနဲ့
ချစ်ရသူရယ်..
နောက်ထပ်နောက်တစ်ယောက်မရှိဘူး
ယဉ်ယဉ်လေးနဲ့ရူးတော့မယ်
အချိန်တွေကုန်လို့
အသက်တွေကြီးကုန်ရင် ခက်ရချည်ရဲ့.....

.
.
.

"Doh Kyungsoo ရေ!
မင်းရဲ့ Jongin တော့ ခေါင်မိုးထပ်မှာ ရန်ဖြစ်နေပြန်ပြီ! "

"ကျစ်!"

အခန်းပေါက်ဝကနေ လာအော်ပြီး လှစ်ခနဲပျောက်သွားသော ကျောင်းသားတစ်ယောက်ရဲ့အသံအဆုံး
ရေးလက်စ ခဲတံကို ပစ်ချရင်း
Kyungsoo စုပ်တစ်ချက်သပ်မိသည်။
ဒီ Kim Jongin တစ်ယောက်ဟာ ဘယ်တော့များမှ ရင့်ကျက်လာမှာလဲ..။

ရန်ဖြစ်ပြီဟေ့ဆိုရင် Kyungsoo ကလွဲလို့ ဘယ်သူကမှဆွဲမနိုင်သော
Kim Jongin ရဲ့စရိုက်ကိုသိနေသူဖြစ်သည်နှင့်အလျောက် အချိန်မဆိုင်းဘဲ ခေါင်မိုးထပ်သို့သာ တက်လာခဲ့တော့သည်။
ဒီတစ်ခါရော ဘာဖြစ်ပြန်ပြီလဲ
Jongin ရာ!

ခေါင်မိုးထပ်ရောက်လာတော့ မြင်ရတဲ့မြင်ကွင်းက သိပ်တော့မလှ
ဝင်မဆွဲဘဲ ဝိုင်းအုံကြည့်နေကြတဲ့ ကျောင်းသားတွေရဲ့အလယ်မှာ Kim Jongin ကကျောင်းသားတစ်ယောက်ရဲ့ လည်ပင်းက အင်္ကျီစကိုဆွဲလို့ အပေါ်စီးကနေခွပြီး တခွပ်ခွပ်နဲ့ထိုးနေတာ ။
အောက်ကခံရတဲ့လူတော့ မသိ
Kyungsoo မှာတော့ကြည့်ရင်းနဲ့ပါးတွေ ကြိမ်းလာသည်။
သွားတွေပါကျွတ်ထွက်ကုန်ပြီထင်တယ်..

"Kim Jongin !!"

နောက်တစ်ချက် ထပ်ထိုးဖို့ မြှောက်တင်လိုက်တဲ့လက်က  ကြားလိုက်ရတဲ့ခေါ်သံအဆုံးလေထဲမှာတင်ရပ်တန့်သွားခဲ့သည်။
နှုတ်ခမ်းတစ်ဖက်ကို ကျေကျေနပ်နပ်ကြီး တွန့်ကွေးလိုက်ပြီး အောက်က လူရုပ်မပေါ်တော့တဲ့ကောင်ရဲ့ လည်ပင်းက အင်္ကျီစကို ဆောင့်ပြီး လွှတ်ချလိုက်သည်။
ဘာစကားတစ်ခွန်းမှ မဆိုဘဲ
ခပ်စူးစူး တစ်ချက်စိုက်ကြည့်ပေးခဲ့ပြီး
တစ်ယောက်သောသူနဲ့မျက်နှာချင်းဆိုင်ဖြစ်အောင် ခန္ဓာကိုယ်ကို လှည့်လိုက်တော့
စပ်ဖြဲဖြဲရုပ်ပြန်ဖြစ်သွားရပြန်သည်။
အပြောင်းအလဲ မြန်တာ မဟုတ်ပေမယ့်
သူ့ရှေ့မှာဆို အမြဲ ပြုံးနေချင်တာမျိုး။
တစ်ဆက်တည်းမှာပဲ ဘေးနားကနေဝိုင်းအုံကြည့်နေတဲ့ကောင်တွေကို ခပ်တည်တည်တစ်ချက်ကြည့်လိုက်တော့ အားလုံး အလျှိုအလျှိုနဲ့ အောက်ပြန်ဆင်းသွားကြလေသည်။

Just Friends!!!!!Where stories live. Discover now