Nine....zawgyi+unicode

480 43 0
                                    

I can't live without you👬
Ep-9.....zawgyi

ညကငိုတာများသွားလို့ထင်​ပါရဲ့...မျက်​လုံးပွင့်​ပွင့်​ချင်းထိုးကိုက်​လာတဲ့​ခေါင်း​ကြောင့်​baekhyunလက်​များအလိုလို​ခေါင်းကိုကိုင်​မိသား....

မ​နေ့ကညအ​ကြောင်းပြန်​​တွေးမိ​တော့ရင်​ထဲကဆစ်​ခနဲနာကျင်​မှုကပြန်​သတိ​ပေး​နေသ​ယောင်​...

"Yeol ah မင်းကိုအဲ့လို​လေး​ခေါ်ချင်​မိခဲ့တာ..ခု​တော့မင်းနဲ့ငါကပို​ဝေးသွားပြီ​နော်​..ငါမင်းကိုမ​မျှော်​လင့်​​တော့ဘူးyeol..ငါ့ကိုအထင်​​သေးတဲ့မျက်​ဝန်း​တွေနဲ့ကြည့်​​နေတဲ့မင်းရဲ့အကြည့်​​တွေကိုငါမ​မေ့ဘူး..မ​မေ့​အောင်​လဲအမြဲမှတ်​ထားမှာyeol..ငါ့ရဲ့​သောက်​သုံးမကျတဲ့နှလုံးသားကမင်းကိုအလိုရှိ​နေရင်​​တောင်​ငါ့ရဲ့မှတ်​ဥာဏ်​ထဲကမင်းငါ့ကိုထိုးနှက်​ခဲ့တဲ့စကားလုံး​တွေ..မင်းရဲ့အထင်​​သေးတဲ့အကြည့်​​တွေကိုပြန်​မှတ်​မိရင်းငါ့နှလုံးသားကိုဖုံးကွယ်​ပစ်​လိုက်​မယ်​yeol..ဒါကမင်းကိုချစ်​မိတဲ့ငါ့အတွက်​အပြစ်​ဒဏ်​ပဲ"

တဇက်​ဇက်​တုန်​ရီ​နေတဲ့နှုတ်​ခမ်းပါးကိုပိတ်​ပစ်​ပြီးbaekhyun​ရေချိုးခန်းဆီသို့သာဦးတည်​လိုက်​သည်​...ဘာကြီးပဲဖြစ်​​နေဖြစ်​​နေအလုပ်​က​တော့မသွားလို့မရ​သော​ကြောင့်​.........

➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳
Chanyeolမ​နေ့ကညကတစ်​ညလုံးအိပ်​မ​ပျော်​ခဲ့ပါ..baekhyunသူ့ကိုကြည့်​​နေခဲ့တဲ့မျက်​ဝန်း​တွေ..သူ့နှုတ်​ခမ်းကထွက်​ကျလာတဲ့ကျိန်​စာလိုစကားလုံး​တွေ..လွန်​များလွန်​သွားပြီလားဆိုတဲ့အ​တွေး​တွေ...နှလုံးသားရဲ့အချက်​​ပေးမှု​တွေကိုစစ်​​ဆေးရင်းနဲ့သူတစ်​ညလုံးအိပ်​မရ.......

စိတ်​ကြည်​သွား​အောင်​​လေ​ကောင်း​လေသန့်​​ရှူမယ်​ဆိုတဲ့အ​တွေးနဲ့ဝရံတာသို့အထွက်​...သူ့ရဲ့မျက်​နှာချင်းဆိုင်​တိုက်​ကထွက်​လာတဲ့အရိပ်​​သေး​သေး​လေး...ဘယ်​သူမှမ​ပြောလဲသူထိုအရိပ်​​လေးကဘယ်​သူ​ဆိုတာ​ကောင်း​ကောင်းသိပါသည်​..

မျက်​လုံးအားကိုနည်းနည်းပိုစိုက်​ထုတ်​ပြီးကြည့်​မိ​တော့မို့အစ်​​နေတဲ့မျက်​ခွံအတွင်းမှာနီရဲ​နေတဲ့မျက်​သား​တွေနဲ့ထိုအရိပ်​​လေး...

I can't live without youDove le storie prendono vita. Scoprilo ora