အပိုင်း (၁) [Z+U]

4.9K 290 21
                                    

Zawgyi

လမ်းခွဲ နှုတ်​မဆက်​နိုင်​တဲ့ ​ကောင်​​လေးနဲ့ ထွက်​မသွားနိုင်​ခဲ့တဲ့ ​ကောင်​​လေး။
ဒါ​ပေမဲ့ သူတို့က ဆက်​ချစ်​ကြ​တော့တာမှ မဟုတ်​​တော့ဘဲ။

တဂျီဂျီမည်​လာတဲ့ နှိုးဆက်​ကို ပိတ်​ကာ အိပ်​ရာ​ပေါ်က​နေ အတင်းကုန်းရုန်းထလိုက်​သည်​။ မနက်​၇နာရီတိတိကို ထိုးပြ​နေတဲ့ နာရီကို ​နောက်​တစ်​ချက်​ရိုက်​ချပလိုက်​သည်​။

ဆောင်းရာသီဖြစ်​သည့်​ ​အေးလွန်းလှသည့်​ အချိန်​မှာ ကျလာတဲ့ ​ရေ​တွေက ​ရေ​နွေးမဟုတ်​ပါဘဲ ​ရေ​အေးဖြစ်​​နေသည်​မို့ အလန့်​တကြား
ထခုန်​မိသွားသည်​။

"အား...ချီးပဲ။ ​ရေက​တော့"

ရုံးချိန်​​နောက်​ကျမည်​လည်း စိုး​သေးသည့်​အတွက်​​ကြောင့်
မြန်​မြန်​ပင်​ ​ရေချိုးလိုက်​သည်​။ အ​ရေးထဲ ဘွိုင်​လာက
လည်း ပြင်​ရဦးမယ်​။

လုပ်​ရမည့်​အရာများကို ​တွေးလိုက်​လျှင် ​အရမ်းကို ​ခေါင်းကိုက်​ရသည်​။
နက်​ခ်​တိုင်​ကို တင်းတင်းဆွဲလိုက်​ပြီး မှန်​ထဲကြည့်​လိုက်​​တော့ ကျွန်​​တော့်​ပုံစံက အရူးတစ်​​ယောက်​လိုပင်​။

ညဘက်​အိပ်​မရသည်​မို့ ​ချောင်​ကျ​နေသည့်​ မျက်​နှာနှင့်​ ညိုကျ​နေသည့်​ မျက်​ကွင်း။ မဲသည့်​ဘက်​​တောင်​​ရောက်​​နေပြီဆိုရင်​ ပိုမှန်​လိမ့်​မယ်​။
ငှက်​သိုက်​လို ပွရှုပ်​​နေတဲ့ ဆံပင်​​တွေကို သပ်​တင်​လိုက်​သည်​။

မီးအိမ်​တင်​ထားသည့်​ ခုံ​ပေါ်က ပြက္ခဒိန်​ရဲ့ ​နေ့ရက်​တစ်​ရက်​ကို ဆွဲခွာလိုက်​သည်​။

"၁နှစ်​ ၃လနဲ့ ၆ရက်​။ ဟက်​"

လမ်းခွဲစကား​ပြောကြားခြင်းမရှိပါဘဲ နှုတ်​ဆက်​ခြင်းလည်း မရှိပါဘဲ ထွက်​မသွားခဲ့ပါဘဲ ဒီ​နေရာမှာပင်​ ရှိ​​သော်​ငြား
ကျွ​န်​​တော်​တို့ရဲ့ ချစ်​ခြင်း​မေတ္တာက ဘယ်​လိုပြီးဆုံးသွားခဲ့လည်း အခုချိန်​ထိ စဉ်းစားလို့မရခဲ့။

နှုတ်​ဆက်​ခွဲခွာခြင်းမရှိဘဲ ပြီးဆုံးသွားသည့်​ ချစ်​ခြင်းအား ကျွန်​​တော်​သည်​ အခုချိန်​ထိ အမှတ်​သည်း​ခြေမရှိသည့်​ လူလိုမျိုး သူ့အား ​တောင့်​တလျက်​ပင်​။

THE BOY WHO CAN'T SAY GOODBYE AND THE BOY WHO CAN'T LEAVEWhere stories live. Discover now