အပိုင်း(၂)[Z+U]

2.3K 248 7
                                    

Zawgyi

မနက်​က ဘူတာရုံမှာ ဖြစ်​ခဲ့တဲ့အ​ကြောင်းကို ဆက်​တိုက်​ဆိုသလိုစဉ်းစား​နေမိသည်​။ စိတ်​ထဲက ထုတ်​ထား​ပေမဲ့လည်း အလုပ်​လုပ်​​နေရင်းနဲ့ပင်​ ​ခေါင်းထဲဝင်​လာ​လေသည်​။ အမြဲသလို ထိုသူသည်​မ​ပြောင်းလဲခဲ့။
စိတ်​ချမ်းသာ​နေရဲ့လည်း မသိ အနည်းငယ်​ ခန္ဓာကိုယ်​က
ပြည့်​​လာ​လေသည်​။ ကျန်​သည်​က​တော့ လွန်​ခဲ့သည့်
အချိန်​အတိုင်းကပင်​။

ကျွန်​​တော်​ကသာ လူရုပ်​မထွက်​​တော့တာ သူက​တော့ သားသားနားနားပင်​။ ပို၍ ကြည့်​​ကောင်း​နေ​သေးသည်​။

"မန်​​နေဂျာကြီး!"

အ​တွေးကမ္ဘာက​နေ အိမ်​မက်​ထဲကထလာတဲ့လူလိုလို ​ရွှေ​ပျောက်​တဲ့လူလို အလန့်​တကြားဖြစ်​သွား​လေသည်​။ ၀န်​ထမ်း​တွေအကုန်​လုံးနှင့်​ ရင်းရင်းနှီးနှီး ​ပေါင်းတတ်​သည့်​အတွက်​​ကြောင့်​ အကုန်​လုံးက ​ပြောမ​နာ​တွေပင်​။

"ဘာဖြစ်​​နေတာလဲ မန်​​နေဂျာကြီး! တစ်​ချိန်​လုံး ငူငူ​ငေါင်​​ငေါင်​နဲ့ "

"ဟီးဟီး ဒီလိုပါပဲ စိတ်​ညစ်​စရာရှိလို့"

စိတ်​ပူပန်​သလို ၀ိုင်းကြည့်​​နေတဲ့ အကုန်​လုံးကို စိတ်​မပူ​စေချင်​သည်​မို့ ပြုံးကာ​ပြောလိုက်​သည်​။

"အဲ့တာဆို တစ်​ခွက်​​လောက်​သွား​သောက်​ကြမလား"

လက်​နဲ့​သောက်​တဲ့ပုံစံလုပ်​ပြကာ ​ခေါင်း​မော့​မေး​နေတဲ့ ​ဟေးမီကို ရယ်​လိုက်​ကာ ​ခေါင်းခါပြီး ငြင်းလိုက်​သည်​။
အပတ်​တိုင်းသာ ​သောက်​​နေရရင်​ ​နောက်​ဆို တကယ်
အရက်​သမားဖြစ်​​တော့မည်​။
စိတ်​​ပြေလက်​​ပျောက်​ ​ကော်​ဖီ​လေး ​သောက်​မယ်​လို့ပဲ စဉ်းစားကာ ရုံးအပြန်​ က​ဖေးဆိုင်​၀င်​ဖို့ ဆုံးဖြတ်​လိုက်​သည်​။

အရင်​က​ဆို မြန်​မြန်​ကုန်​ဆုံး​လေ့ရှိသည့်​ ရုံးချိန်​သည်​ ဒီ​နေ့မှ ကြာ​နေသ​ယောင်​။

"အား ပြီးပြီ အကုန်​လုံး ​သောက်​မှာ​နော်​!."

ဆိုဂျူ​သောက်​ဖို့ အကုန်​လုံးကို မြူဆွယ်​​နေတဲ့ ​ဟေးမီကို
ပြုံးပြလိုက်​ရင်း အတင်းငြင်းရသည်​။ ထိုက​လေးမက
အရက်​မူးလျှင်​​ပေါက်​ကရ ​ပြောတတ်​သည်​။ အကုန်​လုံးက သူ့ကိုထိန်းရသည်​။ ပြီး​တော့ အရက်​မူးရင်​ သူ့ရဲ့ (မမြင်​သင့်​တဲ့) ပုံ​တွေကို အတင်းလိုက်​ပြ​သေး။

THE BOY WHO CAN'T SAY GOODBYE AND THE BOY WHO CAN'T LEAVEDonde viven las historias. Descúbrelo ahora