266 22 6
                                    

Zawgyi

"Park Chanyeol ! ဒါက ဘာသ​ဘောလဲ "

"ဘာ က ဘာရမှာလဲ..မင်းမမြင်​ဘူးလား
သတင်းစာ​လေ"

"မင်း​ပြောတဲ့သတင်းစာ​ခေါင်းကြီးပိုင်းက
မင်းနဲ့ ​မော်​ဒယ်​တစ်​​ယောက်​ တွဲခုတ်​​နေတဲ့သတင်း
အာ ​ဖောက်​ပြန်​တဲ့သတင်း ​လား "

"အဲ့​တော့ "

အဲ့​တော့..?
ပျက်​ယွင်းသွားခြင်းမရှိ ခန့်​ညားဆဲ
Park Chanyeolရဲ့မျက်​နှာကြီးကိုကုတ်​ဖဲ့ပစ်​လိုက်​ချင်​သည်​..။

သူ့ Entertainment က idol
ပေါက်​စအသစ်​​လေးနဲ့တွဲခုတ်​​နေတဲ့ သူဟာ
ဘယ်​လိုမျက်​နှ​ပြောင်​ခြင်းမျိုးနဲ့များ လုပ်​ခဲ့ပါလိမ့်​။

တစ်​နိုင်​ငံလုံးနီးပါးသိတဲ့ သူနဲ့ကျ​နော့်​အ​ကြောင်း..
အဆင်​​ပြေလှသည်မဟုတ်​​သော်​လည်း
နိုင့်​ငံ့အထက်​ပိုင်း မျိုးဆက်​​တွေအ​ကြောင်းမို့
လူတိုင်းက အားကျသလို အတင်း​ပြောစရာ
သတင်းဖြစ်​မြဲ။
ဒီကြားထဲ သမီး​လေးကိုပါ
ထိခိုက်​လာခဲ့မယ်​ဆိုတဲ့ အသိက
ထိုမိန်းက​လေးနဲ့ကုတင်​​ပေါ်​​ရောက်​ခဲ့တဲ့အထိ
Park Chanyeol​ခေါင်းထဲ ဝင်​ခဲ့ပုံမ​ပေါ်ပါဘူး။

"မင်း သမီးကိုထည့်​တွက်​သင့်​တယ်​ "

"အဲ့​တော့ "

"Chanyeol!!!"

"ငါ့ရုံးခန်းထဲ လာပြီး CEOရဲ့ယောက်ျားဆိုပြီး အာဏာလာမပြနဲ့ Baekhyun..
ဒီလိုအရှုပ်​​တွေမြင်​လို့ဒီက​လေးကိုမမြင်​ချင်​ခဲ့တာ..
Park Aeriကို ဖျက်​ချခိုင်းတုန်းက
ဒီက​လေးကိုမလုပ်​ပါနဲ့ဆိုပြီး မင်းငါ့ကိုကတိ​ပေးခဲ့တာ မှတ်​မိမှာပါ ..အတိတ်​ကို
တ​ကျော့ပြန်​လိုက်​ပါအုန်း..ငါမအားလို့"

ကား​သော့နဲ့ဖုန်းကိုယူကာ ထွက်​သွား​သော
ကျ​နော့်​ခင်​ပွန်းဆိုသူက အမှတ်​သည်း​ခြေ
ကြီးလွန်းသည်​။

ဒီက​လေး​လေးကို သူက ငါးစာအ​နေနဲ့​တောင်
အသုံးချ​နေခဲ့ပြီ။

ဒီက​လေးကိုသာ​မွေးခွင့်​ပြုရင်​ သူ့နဲ့
ပတ်​သက်​သမျှ အားလုံးမစွက်​ဖက်​​တော့ပါဘူးလို့
ဒူးပွန်းမတတ်​ ​တောင်းပန်​ခဲ့ရတဲ့ကျွန်​​တော်​ဟာ
သူ့​ရှေ့မှာ သိက္ခာ​တွေ မာန​တွေ မရှိတဲ့
လူတစ်​​ယောက်​...

ချစ်​ရသူသိ​စေ🍁[ချစ်​ရသူသိ​စေ🍁]Where stories live. Discover now