Zawgyi
ကားနဲ့သွားရင်
Parkအိမ်တော်ရဲ့ဝင်ပေါက်ကနေ
အိမ်မကြီးထိ ၅မိနစ်နီးပါးမောင်းရသည်။ခါတိုင်းသွားနေကြ
ဒီလမ်း ဒီအိမ်က ဒီနေ့မှ သောက်ရမ်း
ကြာနေသလားလို့လခွမ်းမို့ အကျယ်ကြီးဆောက်ထားကြတာလား
Shit !Chanyeolက သူငယ်ငယ်က
ကြီးပြင်းလာခဲ့တဲ့..သူ့အဖိုးကိုယ်တိုင်
Designဆွဲ..ဆောက်ခဲ့တဲ့အိမ်ကို
သူ့တောင်မသိလိုက်ဘဲ ကျိန်ဆဲမိနေတယ် ။လွန်ခဲ့တဲ့နာရီဝက်က
အတွင်းရေးမှူးမလေးပြန်ပြောပြတဲ့
သူ့မာမီနဲ့Baekhyunတို့တွေ့ကြသည်
ဆိုသောသတင်းလေးတစ်ခုအတွက်နဲ့ပါတဲ့..မာမီရဲ့ပါးစပ်နဲ့ဆို ဘာတွေသွားပြောလိုက်မလဲ
ဆိုတဲ့ အသိကြောင့် Chanyeol
ိ့်ဒီလိုဝုန်းဒိုင်းကြဲရောက်လာရခြင်း..ဝုန်း !
ပါကင်ထိုးရမယ့်နေရာကို ကျော်သွားပြီး
ကားက အရှိန်လွန်ကာPark သခင်မကြီး
တယုတယစိုက်ထားတဲ့ ကက်သလီယား
်ပန်းရုံကို ဝင်တိုက်၏ ။သိန်းချီပေးရသောမျိုးကောင်းမျိုးသန့်တွေသာ
ရွေးချယ်စိုက်ထားတဲ့ အရောင်သွေးစုံ
ပန်းဥယျာဉ်လေးဟာ အခုတော့ဖြင့်
လေမုန်တိုင်း ဝင်မွှေသွားတဲ့အလား..လက်သည်တရားခံက သူမဟုတ်သလိုဘဲ
ကားကိုစက်သတ်ကာ အိမ်တော်ထဲ
ဝင်သွားနှင့်ပြီ..။"မာမီဘယ်မှာလဲ.."
"သခင်လေးChanyeol"
သခင်လေးChanyeolပုံစံက
တစ်ခုခုကို အသေအကြေ ပေါက်ကွဲတော့မယ့်
အနေအထား..တော်ရုံလူဆို သခင်လေးအနားမကပ်နဲ့တော့..
ရုပ်ကလေးချောသလောက်
သူဒေါသထွက်ရင်ရှိသမျှ လူအကုန်
်ပတ်ရမ်းတတ်တဲ့သခင်လေးအကြောင်း
နောကျေ နေသူတွေမို့
ဘယ်သူမှ ဝင်မပါရဲကြ ။သခင်လေးကို ငယ်ငယ်ကတည်းက
ထိန်းကျောင်းလာခဲ့တဲ့အိမ်တော်ထိန်းကြီးသာ..
YOU ARE READING
ချစ်ရသူသိစေ🍁[ချစ်ရသူသိစေ🍁]
Fanfictionမင်းပေးတဲ့နာကျင်မှုတွေကိုမခံနိုင်လို့ ထွက်ပြေးမိတဲ့အခါ ငါ့ကိုဖမ်းဆွဲထားဖို့ သတိရပါ.. မင်းပေးတဲ့နာကျင်မှုတွေကိုမခံနိုင်လို့ ထွက်ပြေးမိတဲ့အခါ ငါ့ကိုဖမ်းဆွဲထားဖို့ သတိရပါ.. #chanbaek Both Unicode and Zawgyi. Coverphoto credit to @Zeprimadon...