" ကျွန်တော် ရဲ့ ကောင်လေး "
Hun : " Lu !!!! "
" Lu ရှိလား … အခန်းထဲမှာလား "
Sehun တစ်ယောက် အိမ်ထဲသို့ အမောတကော ဝင်လာကာ Lu ကို ရှာနေရာက …
အိပ်ခန်းထဲရောက်မှပဲ သက်ပြင်းချနိုင်တော့သည်။Lu " Lu ရှိပါတယ် Hun "
Lu က ပြတင်းပေါက် ဘေးလေးမှာ မေးလေးထောက်ထိုင်ရင်း …
Sehun ဘက်ကို တစ်ချက်ကြည့်ကာ တုံ့ပြန်လိုက်သည်။Hun : " Lu ကလည်းကွာ ရှိနေတာကို မထူးဘူး … အဆင်ပြေရဲ့လား "
Sehun က Lu နဖူးလေးကို လက် နဲ့ စမ်းရင်း …
Hun " ကိုယ် စိတ်ပူလိုက်ရတာ …
Lu နေမကောင်းလို့ အိမ်ပြန်တယ် ဆိုတာ သိပြီးပြီးချင်း လိုက်လာတာ …
နေသာရဲ့လား … ဆေးရုံသွားမလား
ကိုယ်လိုက်ပို့မယ် လာ …"Sehun က စိုးရိမ်သော အငွေ့အသက်လေးတွေ နှင့်အတူ ဂရုတစိုက်မေးသော်လည်း Lu ငြင်းဆန်ကာ
ပြတင်းတံခါးကနေ မွေ့ယာဆီသို့ ဦးတည်လိုက်သည်။Lu " မလိုတော့ပါဘူး Hunရယ် "
Sehun လည်း မွေ့ယာထက် Lu နံဘေးမှာ ဝင်ထိုင်ရင်း …
Hun " Lu မျက်နှာလည်း မကောင်းပါလား … ဘာပြဿနာ ရှိနေလို့လဲ "
Lu " Hun !! "
Hun " ပြောလေ … Lu "
Lu က ချက်ချင်း မပြောဘဲ Sehun မျက်နှာကို စူးစမ်းသလိုလေး ကြည့်နေပြီးမှ …
Lu " Lu ကို ခွဲမသွားဘူးမို့လား
ပစ်မသွားဘူး မို့လားဟင် "Hun " Lu !! "
Sehun ရင်ထဲ ထိတ်သွားသည်။
Lu ဘာလို့ အဆက်အစပ် မရှိ ဒါတွေ မေးနေရပါသလဲ… ?Hun " ကိုယ်က ဘာလို့ ခွဲသွားရမှာလဲ Lu ရယ် ဘယ်လိုမေးခွန်းမျိုး မေးလိုက်တာလဲ . . . ကိုယ့်ကို မယုံကြည်သေးတာလား အခုထိ ! "
Lu " Lu ကြောက်လို့ပါ "
Luhan ရဲ့ အားငယ် ဖျော့တော့နေသော မျက်ဝန်းတွေကို ကြည့်ပြီး …
Lu ပြောတာတွေကို နားမလည်ပေမယ့်
Sehun တစ်ယောက် Lu ရဲ့ ပခုံးလေးတွေကို ဆွဲယူ ပွေ့ဖတ်လိုက်သည်။
YOU ARE READING
ကျွန်တော်ရဲ့ကောင်လေး [Completed]
FanfictionHunHan ( normal ) ဘဝမှာ နာကျည်းချက်နဲ့အတူ ပုံစံတကျ ရှင်သန်လာခဲ့တဲ့ tomboy လေး *xiao luhan* ရုပ်ရည် အောင်မြင်ချမ်းသာမှူ့တွေနဲ့ ပြီးပြည့်စုံလွန်းတဲ့ ပျို တိုင်းကြိုက်တဲ့ နှင်းဆီခိုင် *oh sehun * သူတို့နှစ်ယောက်ရဲ့ မတူညီတဲ့ နှလုံးသားမှာ အချ...