" ကျွန်တော်ရဲ့ ကောင်လေး "Part-28
Lu Company ကို သွားတဲ့ လမ်းတလျှောက် မသင်္ကာဖွယ် လူ တစ်ယောက် သို့မဟုတ် နှစ်ယောက် အမြဲ အနောက်ကနေ လိုက်နေတတ်သည်။
၂ ရက်မြောက်နေ့တွင် Lu သတိထားမိလာပြီး ထိုလူတွေကို ရှောင်ရန် ကြိုးစား ရတော့သည် ။
ဒါပေမယ့် ထိုနေ့ ညနေခင်းမှာပဲ …
lu Company ကနေ အိမ်ပြန်ဖို့ ကားပါကင် ဆီ သွားချိန်…
ပုန်းလျိုးကွယ်လျိုးဖြင့် အနောက်က လိုက်လာသော သူကို လှည့်ကြည့်လှည့်ကြည့်ဖြင့် ဆက်သွားနေမိစဉ်မှာပဲ ထိုလူက lu အမြင်တွေမှာ
မြင်တလှည့် ပျောက်တလှည့် ဖြစ်လျက်…Lu အန္တရာယ် အငွေ့အသက်ကို ခံစားမိတာမို့
တစ်ယောက်တည်း မပြန်ဖို့ရာ ဆုံးဖြတ်လိုက်သည်။
Baek ဆီ လှမ်းဆက်သွယ်ရမလား …
Hun ကိုပဲ လာကြိုပေးဖို့ ခေါ်ရမလား …lu Ph ကို ကိုင်ကာ တွေဝေနေဆဲ အချိန်မှာပင် လူတစ်ယောက် Lu အနားကို လျင်မြန်စွာ ကပ်လာပြီး …
lu ရဲ့ ကိုယ်ကို အတင်းဖမ်းချု ပ်ကာ … ပဝါ တစ်ခုနဲ့ နှာခေါင်း ကို ရုတ်တရက် ဖိအုပ်လိုက်ခြင်း ခံလိုက်ရသည်ြ
" အား … အ လွှတ်… "
အားကုန်သုံးကာ ရုန်းနေတဲ့ lu လက်ကလေး တွေဟာ ပျော့ခွေပြီး …
ခတ္တမျှ လောက ကြီးနဲ့ အဆက်အသွယ် ပြတ်သွားခဲ့ပြီ။သို့ပေမယ့် … သူမ တစ်စုံတစ်ယောက်ဆီ Ph ခေါ်ဖြစ်အောင် ခေါ်ခဲ့သေးသည် …
ဘယ်သူ့ဆီမှန်းမသိ … ဘယ်သူ့ Ph contact ကို နှိပ်ခဲ့မိမှန်းတော့ မသိပေမယ့် …
ကြမ်းပြင်ပေါ် ကျကျန်ခဲ့တဲ့ Ph လေးကတော့ တစ်ဦးတစ်ယောက်ဆီသို့ ခေါ်ဆိုနေလျှက် …
°•°•°•°•°•°•°" အင့် … အား …"
နာကျင်မှု့ကြောင့် ထွက်ပေါ်လာတဲ့ ညည်းသံ တစ်ခု …
မူးဝေနေတဲ့ ခေါင်းကို အသာယမ်းရင်း ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်တော့ …
YOU ARE READING
ကျွန်တော်ရဲ့ကောင်လေး [Completed]
Fiksi PenggemarHunHan ( normal ) ဘဝမှာ နာကျည်းချက်နဲ့အတူ ပုံစံတကျ ရှင်သန်လာခဲ့တဲ့ tomboy လေး *xiao luhan* ရုပ်ရည် အောင်မြင်ချမ်းသာမှူ့တွေနဲ့ ပြီးပြည့်စုံလွန်းတဲ့ ပျို တိုင်းကြိုက်တဲ့ နှင်းဆီခိုင် *oh sehun * သူတို့နှစ်ယောက်ရဲ့ မတူညီတဲ့ နှလုံးသားမှာ အချ...