Chapter-14

14K 881 10
                                    

Zawgyi Ver

ရှင်းသန့်ဘုန်းမြင့်မိုရ်ကျော်ကိုလိုက်ပို့ပေးပြီး
Taxi ငှားကာပြန်လာသည်။ကားပေါ်မှာလဲ
အပြင်ကိုငေးကြည့်ရင်းတွေးနေမိသည်။

အိမ်ရောက်သောအခါတွင်လည်းအိပ်မပျော်
နိုင်သေးဘုန်းမြင့်မိုရ်ကျော်အကြောင်းက
ခေါင်းထဲရောက်လာသည်။

ကိုဝဏ္ဏကိုသဘောကျတာမှန်ပေမယ့်အစ်ကို
တစ်ယောက်လိုသဘောကျခြင်းသက်သက်သာ။
CEO နဲ့ကတော့မျက်နှာချင်းဆိုင်လိုက်တာနဲ့
ရန်ဖြစ်ကာတည့်သည်ဟူ၍မရှိ။ဒါပေမယ့်
သူကို့ချစ်မိသွားတယ်ဆိုတာကတော့အမှန်တရား။

အချစ်ဆိုတဲ့အရာကဘာလို့များရောက်လာမယ့်
အချိန်ကိုကြိုတင်အသိမပေးရတာလဲ။နောက်ပြီး
ဘာလို့ကိုယ်ချစ်မိသွားတဲ့လူကိုသူကိုချစ်မိသွားပြီ
ဆိုတာကိုအရမ်းနောက်ကျမှသိရတာလဲ။

မဖြစ်နိုင်တဲ့လူတစ်ယောက်ကိုချစ်မိသွားတယ်။ဒါပေမယ့်ကိုယ်ကသူကိုချစ်မိနေတယ်ဆိုတာကို
သိလိုက်ရတဲ့အချိန်မှာသူကကိုယ့်အရာရာ
ဖြစ်နေပြီ။မဖြစ်နိုင်ဘူးဆိုပြီးနောက်ဆုတ်လို့
မရတော့တဲ့အခြေအနေဖြစ်သွားပြီ။

အခုသူလဲအဲ့လို့အခြေအနေဖြစ်နေတယ်။
ဘုန်းမြင့်မိုရ်ကျော်ကိုချစ်မိနေမှန်းမသိပဲ
ချစ်မိခဲ့တယ်။သူသိလိုက်ရတဲ့အချိန်မှာ
ဘုန်းမြင့်မိုရ်ကျော်ကသူနှလုံးသားတစ်ခုလုံးကို
စိုးမိုးသွားခဲ့ပြီ။မဖြစ်နိုင်ဘူးဆိုပြီးရပ်တန့်ဖြစ်ဖို့
ကြိုးစားခဲ့ပေမယ့်လည်းသူဘုန်းမြင့်မိုရ်ကျော်ကို
ရပ်တန့်ဖို့မဖြစ်နိုင်လောက်အောင်ကိုချစ်မိခဲ့ပြီ။

ဘယ်တုန်းကစချစ်မိမှန်းသူမသိဘူး။ထင်ကြေးကို
ပြောရမယ်ဆိုရင်နေပြည်တော်သွားတုန်းကစပြီး
ချစ်မိခဲ့တာဖြစ်မယ်။သူ့အပေါ်ကိုဂရုတစိုက်ရှိခဲ့တဲ့
ဘုန်းမြင့်မိုရ်ကျော်အပေါ်ကိုခံစားချက်တွေပိုရင်း
ချစ်မိသွားတာဖြစ်နိုင်တယ်။

ကိုယ်အပေါ်ဂရုစိုက်တဲ့လူတွေကိုပြန်ခင်တွယ်ပြီး
ချစ်တတ်ကြတာကမထူးဆန်းပါဘူး။အထူးသဖြင့်
ကျွန်တော်လိုမေတ္တာငတ်နေတဲ့လူပေါ့။

(Dear)ချစ်ရပါသောသူWhere stories live. Discover now