Extra-2

19.3K 876 23
                                    

Zawgyi Ver

Christmas Eve day

မြန်မာပြည်နဲ့ယှဉ်ရင် 12:30 နောက်ကျသော
အချိန်ကာလကြောင့်ဉာဏ်နဲ့ဘုန်းမြင့်မိုရ်ကျော်ရဲ့
ဖုန်းပြောချိန်ကဉာဏ်အလုပ်မသွားခင်မနက်
အစောသာဖြစ်သည်။မြန်မာပြည်မှာဆိုရင်တော့
ညအချိန်ပေါ့။

အအိပ်မက်သည့်ဉာဏ်အဖို့မနက်အစောကြီးထ
ဘုန်းမြင့်မိုရ်ကျော်နှင့် VC ပြောပြီးသည်နှင့်
အလုပ်သွားရန်အချိန်မီအောင်ပြင်ဆင်ရသည်က
လွယ်ကူလှသောအလုပ်မဟုတ်ချေ။

ထိုအကြောင်းများကိုပြောပြတိုင်း
ဘုန်းမြင့်မိုရ်ကျော်ကအမြဲမြန်မာပြည်ပြန်လာရန်
ပြောတတ်သည်။

ထိုသို့ပြန်လာရန်ပြောတိုင်းသူငြင်းဆန်မြဲဖြစ်သည်။
သူတကယ်ပြန်မသွားချင်သေးပါ။ရန်ကုန်ကို
ပြန်ရောက်တာနဲ့သူဒီမှာလိုလွတ်လွတ်လပ်လပ်
အလုပ်လုပ်တာမျိုးကိုခွင့်ပြုမည်မဟုတ်တာ
သူသိသည်။

ထို့ကြောင့်ပေကပ်ကာ NY တွင်နေနေခြင်း
ဖြစ်သည်။

သို့ပေမယ့်ဒီလို Christmas နေ့မျိုးတွေ
နှစ်သစ်ကူးနေ့မျိုးတွေမှာချစ်ရတဲ့သူနဲ့တော့
အတူတူရှိချင်နေသည်။

သူအရင်တုန်းကခဏပြန်ရန်တွေးမိသော်လည်း
သူမြန်မာပြည်ကိုခြေချလိုက်တာနဲ့
ဘုန်းမြင့်မိုရ်ကျော်ကသူ့ကိုဘယ်မှပြန်သွားလို့
မရအောင်မလွှတ်တမ်းဆွဲထားမည်ဆိုတာ
သိသည့်အတွက်သူမပြန်ရဲပေ။

📲📲📲📲
📲📲📲📲

"ဟဲလို"

Laptop screen မှာနေရာအပြည့်ယူထားသော
ဘုန်းမြင့်မိုရ်ကျော်၏ပုံ။

"ဉာဏ်ကိုယ်ဒီနှစ်တော့ NY ကိုလာဖြစ်မယ်
မထင်ဘူး။ဒီမှာအလုပ်တွေအရမ်းများနေတာ။
နားတောင်မနားရဘူး။"

တွဲလာတဲ့သုံးနှစ်အတွင်းကိုသူ့ဆီကို
Christmas တိုင်းရောက်လာတတ်သည်။

အဲ့လိုရောက်လာတိုင်း
'Santa Claus က ဉာဏ်ရှင်းသန့်ဆိုသော
သူအတွက် Christmas လက်ဆောင်အဖြစ်
ဘုန်းမြင့်မိုရ်ကျော်ကိုပို့ပေးလိုက်ပါတယ်'
ဆိုပြီးပြောနေကြဖြစ်သည်။

(Dear)ချစ်ရပါသောသူWhere stories live. Discover now