Chapter-26 (Ending)

26.2K 1.1K 142
                                    

Zawgyi ver

ရက်ပေါင်းများစွာကြာပြီးနောက်~~~

ဘုန်းမြင့်မိုရ်ကျော်ဆီသို့အလုပ်လုပ်နေချိန်မှာ
ဝင်လာသောဖုန်း။

"ဟဲလို။"

"မြင့်မိုရ်သား။ရှင်းသန့်လေးသတိရလာပြီ။
အဲ့ဒါသားကိုလှမ်းပြောတာ။"
တစ်ဖက်ကနေပြောလာသောရှင်းသန့်
မေမေ။

အသံကိုနားထောင်ကြည့်ရုံနဲ့ဘယ်လောက်
ပျော်ရွှင်နေတယ်ဆိုတာအတိုင်းသား
သိနေရသည်။

ဘုန်းမြင့်မိုရ်ကျော်သူလဲပဲပြောမပြတတ်အောင်
ပျော်ရွှင်မိပါသည်။ချစ်ရသူကသတိရလာပြီလေ။

အရင်ကသူကိုလျစ်လျူရှူခဲ့သမျှအတိုးချကာ
ဂရုစိုက်ပြီးချစ်ပေးမည်။နောက်ပြီးအရင်ကလို
ဉာဏ်ရဲ့အပြုံးလေးတွေစကားသံလေးတွေ
ပြန်မြင်၊ပြန်ကြားရတော့မည်လေ။

ဘုန်းမြင့်မိုရ်ကျော်လုပ်လက်စအလုပ်ကိုပစ်ကာ
ဆေးရုံသို့လာခဲ့သည်။

ဆေးရုံအခန်းထဲသို့ရောက်သည်နှင့်ကုတင်ပေါ်မှာ
ထိုင်ကာသူ့အမေကိုစကားလှမ်းပြောနေသည့်
ရှင်းသန့်ကိုတွေ့ရသည်။နောက်ပြီး Sofa ခုံပေါ်တွင်ထိုင်နေသောခန့်နဲ့ဝဏ္ဏစိုး။

ဘုန်းမြင့်မိုရ်ကျော်အခန်းထဲကိုဝင်လာသည်ကို
မြင်သောခန့်က
"ကိုဘုန်းရောက်လာပြီလား။ခန့်တို့က
ကြာဦးမယ်ထင်နေတာ။"

"ဟုတ်တယ်ခန့်ကိုယ်ကြားကြားချင်း
ထွက်လာခဲ့တာမို့။"
ဘုန်းမြင့်မိုရ်ကျော်ပြန်ပြောသည်ကို
အပြုံးလေးနဲ့သာပြန်လည်တုံ့ပြန်လိုက်သောခန့်။

တကယ်ဆိုသူနဲ့ကိုယ်ရဲ့ဇာတ်လမ်းက
ပြီးဆုံးသွားပြီ။နောက်ပြီးသူနောက်ထပ်
ချစ်မိသည်ကကိုယ့်ညီဖြစ်သည့်အတွက်
ခန့်အစကတော့စိတ်တိုခဲ့ပေမယ့်။
အခုချိန်မှာတော့အားလုံးကိုနားလည်
နေပါပြီ။

နောက်ပြီးရှင်းသန့်အပေါ်အထင်လွဲကာ
အပြစ်တင်မှုတွေကိုလဲကိုဘုန်းရဲ့ရှင်းပြမှုကြောင့်
ရှင်းသန့်ကိုအရင်လိုညီလေးတစ်ယောက်လို
ပြန်မြင်နေနိုငိပြီဖြစစ်သည်။

"ကိုကိုသူကဘယ်သူလဲ။အော်။
ဉာဏ်သိပြီကိုကိုပြောဖူးတယ်လေ။
ကိုကိုမှာအရမ်းချစ်ရတဲ့ယောက်ျားလေးချစ်သူ
ရှိတယ်ဆို။အဲ့ဒါအဲ့လူကြီးလား။"
ခန့်ကိုကြည့်ရင်းဘုန်းမြင့်မိုရ်ကျော်ကို
လက်ညှိုးထိုးကာမေးလာသည့်ဉာဏ်။

(Dear)ချစ်ရပါသောသူOù les histoires vivent. Découvrez maintenant