Just friend
p-1
ကျောင်းသားဟောင်းတွေ စုပေါင်းပြီး လုပ်တဲ့ ဆရာကန်တော့ပွဲ......
နှစ်တွေကြာခဲ့ပြီ..ဆိုပေမယ့်...ကျောင်းတော်ကြီးက အရင်အတိုင်း.....သစ်ပင်ပန်းမန်တွေ အုံ့အုံ့ဆိုင်းဆိုင်းနဲ့ အဝေးက ပင် မြင်ရတာ ရင်ကို အေးသွား စေသလိုပင်။ကျောင်းရဲ့အုတ်တံတိုင်း နံရံတွေမှာ ပန်းချီပုံတွေ ဆွဲထားပြီး....ရှေ့မှာက စိန်ပန်းပင်လေးတွေ.......ကျောင်းအ၀င်ဝ မှာပင် အရိပ်အေးအေးက စ ရလာသည်။ တစ်ဖက်က သခွပ်ပင် တစ်ဖက်က စိန်ပန်းပင်နှင့် ကျောင်းတံခါးဝကို အုပ်မိုးထား..သည်။ ဆက်လျှောက်လာတော့.....ခရေပင် ပျိုတွေက လမ်းတစ်ဖက်တစ်ချက်မှာ စီစီရီရီ.......ဟိုအရင်တုန်းက သည်ခရေပင်တွေ....သူ့ခါးတစ်ဝက်သာ ရှိခဲ့ပေသည်။
ဧကရာဇ်ပင်နှစ်ပင်ကြားက ဒန်း လေးပေါ်မှာထိုင်ရင်း....ကျေးငှက်သံလေးတွေကို နားထောင်နေလိုက်မိသည်။
ပွဲကျင်းပသည့်နေရာနှင့်....အတော်တန်ဝေးသဖြင့်....ဒီဘက်သို့ လူသူရောက်လာသည်မရှိ။...တိတ်ဆိတ်နေသည်။
နွယ်သာကီ ပန်း ရဲရဲ တို့က လေတိုက်တိုင်း...ဟိုယိမ်းသည်ယိမ်းနှင့် ....။ကုက္ကို ကိုင်းတို့က တစ်ချက်တစ်ချက်ပွတ်တိုက်သံတွေ ထွက်ပေါ်နေသည်။
ကျောင်းမုန့်ဈေးတန်းဘက်လှမ်းကြည့်မိတော့......ဟိုအရင်က ထိုင်နေကျ ထနောင်းပင်ကျောက်ဝိုင်း ကို တွေ့ရသည်။
အရင်တုန်းက.....ငယ်ရွယ်စဉ်က အဖြူအစိမ်း ၀တ်စုံတွေနဲ့.....ထိုကျောက်ဝိုင်းမှာ ..ထိုင်လို့.....သူတို့တွေ စနောက် ပျော်ရွှင်ခဲ့ကြတာ.......ရယ်သံတွေကိုတောင်ပြန်ကြား နေရသလို။
သတိရတာထက်...တမ်းတမိတယ် အဲ့ဒီအချိန်တွေကို....
ပြန်လိုချင်မိလို့...တမ်းတမိတာ
နောင်တတွေကို ပြန်ပြင်ချင်လို့....တမ်းတမိတာ.....
ပြီးတော့.....မင်းအနားမှာ ပြန်နေခွင့်ရချင်လို့....
တမ်းတမိတာ

ESTÁS LEYENDO
Just friend (Complete ) U&Z
Novela Juvenilကိုယ့်ရဲ့ခံစားချက်တွေ ကို ခံစားရတဲ့အတိုင်း ထုတ်ဖော်ပြသင့်တယ် နောင်တဆိုတာ နောင်မှ ရတတ်တာ အချိန်လွန်မှ ခံစားချက်တွေ ဖွင့်ဟပြနေလည်း ဘာထူးလာမှာမို့လို့်လဲ... ကိုယ့်ကိုယ်ကို ရိုးသားလိုက်စမ်းပါကွာ Uni ကိုယ့် ရဲ့ခံစားချက်တွေ ကိ...