"Kook?"
ဒီအသံလေးကို ဘယ်လောက်လွမ်းနေခဲ့တယ်ဆိုတာ ကလေး သိရဲ့လား
"ကလေး"
"ဒီကို ဘာလာလုပ်တာလဲ"
"Tae က မနက်စာအတူစာဖို့ လှမ်းခေါ်လိုက်လို့"
"ဘယ်အချိန်ထိ တံခါးပေါက်မှရပ်နေမှာလဲ" မီးဖိုခန်းထဲကနေ Taehyung စိတ်မရှည်စွာ လှမ်းအော်လိုက်သည်
"လာ မနက်စာလာစား နှစ်ယောက်လုံး"
နေရာတွင် ဝင်ထိုင်လိုက်ကျသော်လည်း အကြည့်ချင်းရှောင်နေတဲ့နှစ်ယောက်ကြောင့် Taehyung သက်ပြင်းချလိုက်သည်
ဒီကောင်တွေ တစ်ယောက်နဲ့တစ်ယောက် လွမ်းနေခဲ့ရဲ့သားနဲ့...
အခုလည်း Jimin က မနက်စာမစားပဲ ငိုင်ငိုင်ကြီးထိုင်နေသည် Jungkook ကလည်း ခက်ရင်းနဲ့ ယိုတွေကို လျှောက်မွှေနေသည်
"Yah!!" ရုတ်တရက် Jungkook အော်သံကြောင့် Jimin လန့်သွားသည် အကြောင်းရင်းမှာ Taehyung က ပေါင်မုန့်က ယိုတွေနဲ့ မျက်နှာကို တို့လိုက်သောကြောင့် ဖြစ်သည်
Jungkook ရဲ့ပုံစံကိုကြည့်ပြီး Jimin စိတ်ဆိုးနေတာတွေတောင်မေ့ပြီး ရယ်လိုက်မိသည်
"ကလေးက အခုကိုယ့်ကို လှောင်လိုက်တာလား" Jungkook နေရာမှထလာပြီး Jimin ဆီသို့ လျှောက်လာသည်
Jimin လည်း အခြေအနေမဟန်မှန်းသိ၍ နေရာမှထပြေးရန် ကြိုးစားလိုက်သော်လည်းဂJungkook က သူ့လက်နဲ့ Jimin ပြေးမယ့်လမ်းကို ပိတ်ပစ်လိုက်သည်
"Jiminie ပြေးတော့!" ဘယ်အချိန်ကရောက်လာမှန်းမသိတဲ့ Taehyung က Jungkook နောက်မှရောက်လာကာ နောက်ကျောပေါ်သို့ ခုန်တက်လိုက်သည်
"Tae ဆင်းကွာ ဟာ ကလေး ဘာလုပ်တာလဲ" ယိုဘူးကို ကိုင်ကာ သူတို့ဆီလျှောက်လာသော Jimin ထို့နောက် ယိုတွေကို Jungkook ခေါင်းပေါ်လောင်းချလိုက်သည်
Taehyung နဲ့ Jimin လက်ဝါးချင်းရိုက်ကာ ဧည့်ခန်းထဲသို့ ပြေးသွားသည်
"ဟာ ဒီHyung တွေကတော့"
Jungkook ဧည့်ခန်းထဲသို့ လိုက်သွားပြီး သူငယ်ချင်းနှစ်ယောက်ရှေ့ ခါးထောက်ကာ မတ်တပ်ရပ်လိုက်သည်
YOU ARE READING
အချစ်ဆိုသည်မှာ(Unicode/Zawgyi)
FanfictionJimin - Kook အရမ်း အတ္တကြီးတယ်... Min ကို မသနားဘူးလား Jungkook - မင်းဘာလို့မပြောခဲ့တာလဲ မင်းသာပြောခဲ့ရင် သူနဲ့... Taehyung- ကျွန်တော်ယုံကြည်တယ် Jimin က Kook ကိုပျော်ရွှင်မှုတွေ ပေးနိုင်တယ်လို့