Jungkook တယောက် Taehyung ကို မြုပ်ခဲ့တဲ့ တောင်ကုန်းနားသို့ရောက်တော့ ရင်းနှီးနေတဲ့ကားတစီးကို တွေ့လိုက်သည်
'ကလေး ဒီကိုရောက်နေတာ သေချာပြီ'
"သခင်လေး"
ခေါ်သံကြားရာကြည့်တော့ သူတို့အိမ်ရဲ့ driver
"Jimin ရော?"
"Taehyung ssi အုတ်ဂူမှာပါ"
"ကျွန်တော် Jimin နဲ့အတူ ပြန်လာမှာမလို့ ဦးလေး အရင်ပြန်နှင့်လိုက်" ဟုပြောပြီး Jimin ရှိတဲ့နေရာဆီသို့ ပြေးထွက်လာခဲ့သည်
Taehyung အုတ်ဂူနဲ့နီးလာလေ စကားပြောသံကိုလည်း ပြတ်ပြတ်သားသား ကြားရလေဖြစ်သည်
အုတ်ဂူရှေ့သို့ရောက်တော့ သူ့ကို ကျောပေးကာထိုင်နေသော ကလေးလေး လက်သေးသေးလေးဖြင့် Taehyung ဓာတ်ပုံကို ပွတ်သပ်နေကာ ပါးစပ်မှလည်း တခုခုကိုပြောနေပုံပေါ်သည်
"တိမ်တွေကလည်း မှောင်မည်းနေတာပဲ မိုးရွာတော့မယ်ထင်တယ် ဒါပေမဲ့ မပြန်ချင်သေးဘူး...ဟူး မဖြစ်သေးပါဘူး ငါမရှိတဲ့အချိန် Jungkookie မကြံကောင်းစီရာတွေ လုပ်နေမှာဆိုးတယ် နောက်နေ့မှာ လာတော့မယ် ငါသွားပြီ" ပြောချင်ရာပြောပြီး ဘယ်အချိန်ကတည်းကရောက်နေမှန်းမသိသော Jungkook ကြောင့် မျက်စိတွေပင် ပြူးထွက်ကုန်သည်
"ကလေး"
"Kook? ဘယ်တုန်းက ရောက်နေတာလဲ"
"ချစ်တယ်" မမျှော်လင့်ဘဲ ကြားလိုက်ရသော စကားတခွန်း
"ဘယ်တုန်းကရောက်နေတာလဲလို့?... ခဏ အခု ဘာပြောလိုက်တယ်" မိမိနားကြားမှားသွားတာလား သူတကယ်ပြောသွားသလား
"ကလေးကို" ခြေလှမ်းတလှမ်း
"ချစ်" နောက်ထပ်ခြေလှမ်းတလှမ်း
"တယ်" နောက်ဆုံးခြေလှမ်းတလှမ်းကိုလှမ်းလိုက်ပြီး ထိုကောင်လေးရှေ့တွင် ရပ်တန့်လိုက်သည်
Jimin လက်လေးတွေကို လှမ်းယူလိုက်ပြီး ချစ်ရည်တွေရွှန်းလဲ့နေသော မျက်ဝန်းအစုံဖြင့် ကြည့်နေသည်
YOU ARE READING
အချစ်ဆိုသည်မှာ(Unicode/Zawgyi)
FanfictionJimin - Kook အရမ်း အတ္တကြီးတယ်... Min ကို မသနားဘူးလား Jungkook - မင်းဘာလို့မပြောခဲ့တာလဲ မင်းသာပြောခဲ့ရင် သူနဲ့... Taehyung- ကျွန်တော်ယုံကြည်တယ် Jimin က Kook ကိုပျော်ရွှင်မှုတွေ ပေးနိုင်တယ်လို့