The Wedding Planner (2)

935 174 14
                                    

The wedding planner
Epi 2

တစ်ခါတစ်လေ ခပ်ကြောင်ကြောင်တွေးမိတယ်... ကျနော်က သတို့သမီးခေါ်လာဖို့ သူ့ကိုမှာလိုက်ပေမဲ့ သတို့သားကြီးလက်ဆွဲခေါ်လာရင် ဘယ်လိုလုပ်မလဲနော့? နေကြာပန်းလေးတွေက ကျနော့်စိတ်ကိုနားလည်လို့ ကျနော်ရှိရာဘက်ကို မျက်နှာမူနေကြတာလား? No ပါ... အရူးချီးပန်းမတွေးနေနဲ့ Do Kyungsoo... ကိုယ့်ဘာသာပြန်ဆုံးမသည်... ကျနော့်ကျောပြင်ပေါ်ကျနေသော နေရောင်ခြည်ကိုလိုချင်လို့သာ သူတို့ကျနော့်ကိုမျက်နှာမူနေကြခြင်း...

" Hyung ပုပု... "

" ဟမ်? သောက်ကလေး -_- အရပ်တူတူဘဲဟာကို... ဘာလဲ? "

" ဟီးးးး... စတာ... အမေရော? "

" ဘယ်သိမလဲ? ဘာလာလုပ်တာလဲ? "

" ကျနော်ယောကျာ်းယူမလို့ "

" ဟဲ့ ဘုရားရေ !!! @_@ "

ရီဖြဲရီဖြဲနှင့် ညီတော်မောင်အနောက်မှ ရှည်လမျောအကောင်... ဟာာာာ အကောင်မဟုတ်ဘူး O.O ရုပ်ရှင်မင်းသား Park Chanyeol ကြီး! Oh My God! Byun Baekhyun သည် သောက်ချဉ်မဟုတ်ဟ O.O ရုပ်ရှင်မင်းသားလိုလူကို ဘယ်လိုများချစ်သူရအောင်တော်လိုက်သလဲမေးးး လက်ပင်ထပ်တော့မည်...ကျနော့်ကမ္ဘာကြီး နှစ် ၅၀ လောက်ကိုခဲတောင့်သွားရော... ယုံပင်မယုံနိုင် ရုပ်ရှင်မင်းသားရဲ့ယောက်ဖဖြစ်တော့မည်တဲ့... အဲ့တာကြောင့် ကျနော့် wedding poster တွေရိုက်ဖို့ Park Chanyeol ကိုငှားတိုင်း အခကြေးငွေမယူတာ ညီတော်မောင်မျက်ခွက်ကြီးကြောင့်ကိုးးးး...

Byun Baekhyun သည် သောက်ချဉ်မဟုတ် x)

တတိယဇာတ်ကောင် Byun Baekhyun လေးဟာ ကျနော်တို့အဓိကဇာတ်ကောင် Do Kyungsoo အတွက် ဖူးစာရေးနတ်ကလေး ဖြစ်လာပါတော့တယ်ခမျာ ❤

" ကဲ အဲ့တာဆိုလည်း ၀တ်စုံတွေအတွက် ဘယ်မှာအပ်ကြမတုန်း? "

" DK ဆီမှာ "

" အွန်းးးးး.. Yeollie ပြောသလိုဘဲ DK ဆီမှာအပ်မှာ "

အကဲပိုကာ သူ့လူလက်မောင်းတို့ကိုမှီတွယ်နေသော ကောင်လေး... ညီငယ်အတွက်ပျော်လို့ နှုတ်ခမ်းမှပြုံးမိသော်လည်း တစ်ချိန်က ကျနော်ကိုယ်တိုင်လည်း သူ့လက်မောင်းတို့ကိုမှီတွယ်ကာ ဆိုးနွဲ့ခဲ့ဖူးသည်... ဆိုးနွဲ့နေတာလေးကို သူအသည်းယားတယ်ဆိုကာ နဖူးကိုမြတ်နိုးစွာနမ်းခဲ့သည်... ထိုအနမ်းတို့ကိုလွမ်းလှပါသည်... နွေးထွေးသောကိုယ်ငွေ့ဆိုတာကို အခုချိန်ထိမေ့မရလောက်အောင် ပြုစားထားသူရေ... ငါ့နှုတ်ခမ်းတို့ခြောက်သွေ့နေပြီ.....

The Wedding Planner (Dika)Onde histórias criam vida. Descubra agora