The wedding planner
Epi 3( နည်းနည်းကြာသွားတယ် ဆောရီး 😅 )
" Hyung က ကျနော်တို့အတွက် အင်္ကျီဘာညာတိုင်းတာတွေ DK ဆီသွားလုပ်ပေးနော်... Hyung နဲ့ကျနော်က ကိုယ်တိုင်းတူတူဘဲဆိုတော့လေ "
" ခိုင်းကောင်းတိုင်းခိုင်းနေတော့တာဘဲ ကျက်သတုံး -_- ပြန်လာလို့လက်ဆောင်ကောင်းကောင်း မပါလာရင်သေပြီမှတ် "
" လက်ဆောင်ကောင်း? အော်.. ကျနော့်ပုံလှလှလေးတွေကို သေချာရိုက်မှန်ဘောင်သွင်းပြီး ဖဲပြားတပ်လို့လာပေးမယ်လေ "
" ထွီ -_- အဟောင်းတွေဝယ်တယ် အပျက်တွေဝယ်တယ်ဆီ ရောင်းစားပစ်မယ် "
Baekhyun တို့ပြန်သွားတော့ ကျနော်တစ်ယောက်ထဲ စဉ်းစားမိတယ်... သူနဲ့သာဆက်တွဲဖြစ်အုံးမယ်ဆိုရင် ကျနော်တို့လည်းအခုလောက်ဆို လက်ထပ်ဖို့ပြင်နေလောက်ရောပေါ့နော်? သတိရတဲ့စိတ်နဲ့အပြင်လောကကမိုးတွေက ထပ်တူကျသွားတဲ့အခါ တွယ်တာရာရင်ခွင်ကို တမ်းတရင်းနဲ့ နေကြာပန်းပင်လေးနား ခေါင်းငိုက်စိုက်ကျကာ ငိုနေမိတယ်... တကယ်ပါ Kim Jongin နဲ့ပတ်သတ်ရင် ကျနော်တကယ်မရင့်ကျက်သေးတာပါ...
^ ring ring ... ^
ဖုန်းလေးလာတာမို့ မျက်ရည်များကိုသုတ်ကာ screen လေးကိုကြည့်မိတယ်.. Unknown number ဆိုတိုင်း သူများဖြစ်လေမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ အမြဲရင်ခုန်နေရတာပါ.. သူနဲ့လမ်းခွဲပြီးထဲက ကျနော်ဖုန်းနံပါတ်မပြောင်းပေမဲ့ သူကတော့ပြောင်းသွားခဲ့တယ်လေ... ကျနော်ဆက်သွယ်ဖို့အကြိမ်ကြိမ်ကြိုးစားဖူးခဲ့တယ်... ဒါပေမဲ့...
" Hello? "
" Do Kyungsoo-ssi... "
ဒိန်းခနဲဆို ဒီအသံက... လက်တွေတုန်ရင်ကာ ရင်တွေတဒိန်းဒိန်းခုန်လာတယ်.. မကြားရတာကြာပြီဖြစ်သော်လည်း အမြဲအလွတ်ရနေသောသူ့အသံ...
" Jong... Jongin လားဟင်? "
" Chukhahae... wedding အတွက်သေချာပြင်ဆင်ပေးမှာမို့လို့ ကျနော့်ဆီကို ညနေလာပေးပါနော်.. ခဏနေရင်ကျနော်ကားတစ်စီးလွှတ်ပေးလိုက်ပါမယ်.. ကျန်တဲ့ဝတ်စုံတွေကိုဖယ်ထားပြီး Do Kyungsoo-ssi ကို ဦးစားပေးတာပါ "
ပြောချင်ရာပြောပြီး ဖုန်းချသွားတာမို့ Kyungsoo ရင်တွေခုန်ကာကျန်နေခဲ့... ဘာတွေပြောသွားတာလဲဆိုတာ ကြားတစ်ချက်မကြားတစ်ချက်ဘဲ... လာကြိုမယ်? ကားတစ်စီး??? အာ.. ဒါဆို... ဒါဆိုတွေ့ရတော့မယ်ဆိုတဲ့သဘောလား??? Kyungsoo အပျော်လွန်ကာ Jongin ချစ်သူဘ၀တုန်းက ၀ယ်ပေးဖူးခဲ့တဲ့ ဆွယ်တာအဝါလေးကိုဝတ်လို့... မတွေ့တာကြာပြီဆိုတော့ ဘယ်ကစကားစပြောရမလဲ? မှန်ထဲအကြိမ်ကြိမ်ကြည့်လို့ စကားပြောဖို့ကို အမျိုးမျိုးစဉ်းစားလိုက်ပြောကြည့်လိုက်ဖြင့် အလုပ်ရှုပ်နေရှာတယ်...