~~Do You Love Me?~~(part 1)
=========================တိမ်များက အုပ်ဆိုင်းပြီး ပတ်ဝန်းကျင်တစ်ခွင် ညို့ညို့မှိုင်းနေပါသည်။....မိုးမရွာသွန်းသေးသော်လဲ..လျှပ်ရောင် တစ်လတ်လတ်များကိုဖြင့် နေရာကွက်ကြားမြင်တွေ့ရပေမည်။
ကားလမ်းဘေးတစ်ဖက်တစ်ချက်ရှိ....သစ်ပင်များယိမ်းနွဲ့နေခြင်းကိုကြည့်ခြင်းဖြင့် အပြင်မှာလေထန်နေသည်ကိုသိနိုင်ပါသည်။
ကားက မှန်လုံပိတ်ထား၍ လေတိုက်ခတ်မှုကိုသိပ်မသိရ...။ဖေဖေက ကားကိုအရှိန်နည်းနည်းမြှင့်လိုက်ပြီး ဖွင့်ထားသော....သီချင်းကို အသံခပ်သြသြဖြင့် နောက်မှသံယောင်လိုက်ဆို၏။
🎼နင်ဟာ ပုံမှန်မရှိသော မိုးသက်တိမ်ဆိုင်တွေလို.....🎼
Key ကြောင်နေသည့်ဖေဖေ့အသံသည် သူအတွက်ဘယ်လိုမှနားဝင်မချိုပေ...။
"ဟာဖေဖေရာ...."
"ဘာဖြစ်လို့တုန်း...မိုးအေးအေးနဲ့...စိတ်လွတ်လက်လွတ်သီချင်းဆိုတာ. ......."
"Key ကြောင်နေတာကို....."
ဖေဖေက ဘာမှဆက်မပြော....လက်ထဲရှိဘီယာဘူးမှ ဘီယာတစ်ငုံကို မော့ကာသောက်လိုက်ပြီး ကောင်းကင်ကိုမော့ကြည့်လိုက်သည်။
"ဟူး.....အကြွေးမရလို့ စီးပွားရေးအဆင်မပြေပါဘူးဆို...ကံဆိုးထီးတွေသွားရာမိုးလိုက်လို့ရွာနေပါလား...."
ကားမှန်ပေါ်သို့ မိုးစက်များက တစ်စက်ခြင်း ကျဆင်းစပြုလါပြီ...။ မိုးရွာမြူဖုံးနေလျှင် ဖေဖေကားမောင်း၍အဆင်မပြေမှန်း သူသိသည်။ ထို့ကြောင့် စိတ်ပူစွာဖြင့် ဖေဖေအားသတိပေးရ၏။
"ဖေဖေ ကားမောင်းလို့အဆင်ပြေလား...မရရင်သားမောင်းပေးမယ်...မြူတွေကျလာပြီ.... ."
"ရပါတယ်...ငါ့သားသြဘာ ကလဲစိုးရိမ်စိတ်ကြီးပါ့........"
ဖေဖေနှင့်စကားနိုင်မလုလို၍ သူ့စကားကို အသောသတ်လိုက်သည်။ ပြီးနောက် ကားမှန်တံခါးကိုချကာ လက်ဖဝါးထုတ်လျက်မိုးရေစက်များ၏ အထိအတွေ့ကို ခံစား၏။ မှန်ချလိုက်မှ လေတဖြူးဖြူးက မျက်နှာကို တစ်သိမ့်သိမ့်ဖြင့် လာရိုက်ခတ်လေသည်။ အေးအေးမြမြဖြင့် သူ့ဆံသားများ ဝင့်လွင့်သွားပေသည်။
YOU ARE READING
Do You Love Me?
Horrorတစ်ကြိမ်တစ်ခါမှမရေးဖူးတဲ့... Horror ဆန်ဆန် စိတ္တဇလူသတ်သမားဇာတ်လမ်းပါ စွန့်ပြစ်ခံ LGBT တစ်ယောက်ရဲ့ဘဝပေးကုသိုလ်ကံကို သနားစရာ၊ကြောက်စရာကောင်းအောင် တင်ဆက်ပေးပါမယ် စိတ္တဇလူသတ်သမားကို ကြောက်စရာအသွင်မမြင်ပဲ သနားစရာလူသားတစ်ဦးလို့ပဲ မြင်ပေးကြပါ အရောင်မဲ့