~~Do You Love Me?~~(part 2)
========================="ကျွတ်...ကျွတ်......"
ဗိုက်အောင့်သည့် ဒဏ်ကြောင့် သူလဲက်နေရာမှ လူးလှိမ့်နေမိသည်။ မနက်မိုးလင်းလျှင် ဟိုတစ်ယောက်ကို ဘယ်လိုပုံစံပေးရမလဲဟုသာ အျမဲတွေးတော၍ နိုးထတတ်သော သူ့အဖို့ ဒီနေ့မနက်တွင်တော့ မနေ့ညကအဖြစ်အပျက်ကိုသာအစာမကြေပဲ တစ်သသတွေးနေမိ၏။
အမှန်ဆို မနေ့ညက သတိုးကို သူ ကိစ္စတုံး အပြတ်ရှင်းပြစ်နိုင်လိမ့်မည်။.
ဟင့်အင်း...မဟုတ်သေးပါဘူး.....အပြတ်ရှင်းတာမဟုတ်ဘူး...
လွတ်မြောက်ရာကိုပို့ပေးတာ....။ သူ့အတွက် ကိုယ်ဟာကယ်တင်ရှင်ပဲ....။ သူ့စိတ်ထဲဘယ်လိုတွေးတွေး....ကိုယ့်စိတ်ထဲတော့ ကိုယ့်ကိုယ်ကိုကယ်တင်ရှင်လို့ပဲ သတ်မှတ်လိုက်တယ်...။
သစ္စာမရှိတဲ့ သူ့ကို ကိုယ်ချင်းစာတတ်အောင် ပြန်ခံစားစေခဲ့တယ်...။သူခံစားခဲ့ရပြီဆိုတော့လဲ. ........မကြည့်ရက်လို့ သူ့ကိုလွတ်မြောက်ရာပို့ပေးရမယ်လေ.....။ နာကျင်ခံစားနေရတဲ့ လူတစ်ဦးကို လွတ်မြောက်ရာပို့ပေးတာ ကယ်တင်ရှင်မဟုတ်ရင် ဘာမ်ားလဲ....။ အဲ့ဒါကြောင့်လဲ သူ့ကိုယ်သူ ကယ်တင်ရှင်လို့သတ်မှတ်လိုက်တယ်...။
လက်ဖဝါးကို အားစိုက်ကာ ထောက်လျက် သူထကာထိုင်လိုက်သည်။....သွေးများကြောင့် ချောကာ ပြန်လဲက်သြား၏။ အို...
သွေးတွေတော်တော် အိုင်နေပါလား....။ သူ့လက်တစ်ကမ်းအကြာမွာတော့ ၂ပေခန့်် ရှည်သည့် အဆစ်ပိတ် ဝါးရင်းတုတ်တစ်ချောင်း....။ ဒီဝါးရင်းတုတ်ကိုတော့ သူကောင်းကောင်းသိသည်။ သတိုးခြေသလုံးပေါ်ကို အားနှင့်ဖိလှိမ့်ပြီး နာကျင်မှုကိုခံစားစေရအောင် သူ့ကိုအကူအညီပေးခဲ့တဲ့ တုတ်လေးပေါ့...။ အဲ့လိုလူတစ်ယောက်နာကျင်စြာ အော်မြည်သံကို နားထောင်ရသည့်အရသာအား သူကသိပ်ကြိုက်သည်.....။သတိုးကိုနှိပ်စက်ခဲ့သည့်တုတ်ဖြင့်ပင် သတိုးကိုယ်တိုင် သူ့အားမနေ့က မေ့မြောအောင်ရိုက်ပြီး သတိုးကထွက်ပြေးသွားတယ်လေ....။ တကယ်ညံ့တဲ့ ငါပါလား ဟု ကိုယ့်ကိုယ်ကိုအပြစ်တင်ရင်း....
"ထွီ......"
စိတ်အလိုမကျစွာဖြင့် သူတံတွေးထွေးလိုက်၏။ အစာမကြေသောညကအဖြစ်ကို သူတွေးရင် ခေါင်းများပင်ကိုက်လာသည်။

YOU ARE READING
Do You Love Me?
Horrorတစ်ကြိမ်တစ်ခါမှမရေးဖူးတဲ့... Horror ဆန်ဆန် စိတ္တဇလူသတ်သမားဇာတ်လမ်းပါ စွန့်ပြစ်ခံ LGBT တစ်ယောက်ရဲ့ဘဝပေးကုသိုလ်ကံကို သနားစရာ၊ကြောက်စရာကောင်းအောင် တင်ဆက်ပေးပါမယ် စိတ္တဇလူသတ်သမားကို ကြောက်စရာအသွင်မမြင်ပဲ သနားစရာလူသားတစ်ဦးလို့ပဲ မြင်ပေးကြပါ အရောင်မဲ့