Do You Love Me ? (episode 4)
========================လေနှင်ရာလွင့်တတ်တဲ့တိမ်လေးတွေကို ဖမ်းဆုပ်ကြည့်ဖို့ကြိုးစားတိုင်း အတွေးနှင့်သာဖြေသိမ့်မိသည်က အခါခါ။ ထိုသို့ပင် ဆောင်း၏စိတ်ကူးသည်လဲ လေနှင်ရာလွင့်မြဲအတိုင်း မတည်ငြိမ်ပါတကား။
ဒီလမ်းလေးကို သူဝင်မြဲအတိုင်းဝင်လာသော်လည်းယခင်နေ့များလို စိတ်ကမပေါ့ပါးပဲရှိနေသည်။ ဆောင်းနှင့်ပတ်သက်၍ စိုးထိတ်မှုတစ်ခုခုကို သြဘာခံစားနေရသည်။ ထိုစိုးထိတ်မှုကိုလဲ သူအမည်မဖော်တတ်။ ဆောင်းတို့အဆောင်ရှေ့ကိုရောက်သည်အထိ စိတ်ကလေးလံနေပြီး ချော့မြူရန်ဝယ်လာသော pooh အရုပ်ကိုပင်မဝံ့မရဲကိုင်နေရသည်။
အဆောင်ထဲသူဝင်လာတော့ ဆောင်းက အရှေ့ကဒန်းတွင်ထိုင်နေပြီး သူ့ကိုစူးစူးရဲရဲလေးကြည့်နေသည်။ ဆောင်းအကြည့်ကြောင့် သူတကယ်ကိုပင် ကြက်သီးလေးများထသွားရ၏။ မနေ့ကဒေါသကခုထိမပြေသေး၍လားမသိ။
"ကလေး"
ဆောင်းသည် မျက်စောင်းခဲလျက် တစ်ဖက်သို့စောင်းသြား၏။
သြဘာက ဆောင်း၏ဘေးတွင် ဝင်ထိုင်ကာ ပုခုံးကိုအသာအယာလေးဖက်လိုက်သည်။ ပြီးနောက်
"ကလေးအတွက် လက်ဆောင်ဝယ်လာတယ်"
"သြားပါ ခုမွလာမချော့နေနဲ့"
သြဘာက pooh အရုပ်ကို ဆောင်း၏ရှေ့သို့ထုတ်ကာပြလိုက်သည်။ ပြီးနောက် အရုပ်၏လည်ဂုတ်ကိုညှစ်ကာ လှုပ်ပြလိုက်တော့ စိတ်ဆိုးနေသော ဆောင်းသည် မပြုံးပဲမနေနိုင်။
"ပေး...."
ဆောင်းက အရုပ်ကို ဆွဲယူ၍ရင်ခွင်ထဲသိမ်းပိုက်လိုက်သည်။ သူအရမ်းချစ်ရတဲ့အရုပ်လေးကိုမြင်ရတော့ သူမပျော်ပဲမနေနိုင်။ ဆောင်းအမြဲတမ်းပြောတတ်သည်က pooh ကိုချစ်သည်၊ ပြီးတော့အားကျသည်။ ဘာကြောင့်လဲဆိုတော့ ခင်မင်ရာသူငယ်ချင်းအမြောက်အများရှိ၍ဖြစ်သည်။ တစ်ခါတစ်လေတော့လည်း pooh လို အဖော်အပေါင်းတွေနှင့်ပျော်ရွှင်စြာနေချင်မိသည်တဲ့။ သူ့ဘဝက လူမှန်းသိတတ်စအရွယ်ကတည်းကစ တစ်ကိုယ်တည်းအထီးကျန်ဆန်နေရသည့်ဘဝ။ ထိုသို့ဆိုပြန်တော့လည်း ဆောင်းသည်သနားစရာ။

YOU ARE READING
Do You Love Me?
Horrorတစ်ကြိမ်တစ်ခါမှမရေးဖူးတဲ့... Horror ဆန်ဆန် စိတ္တဇလူသတ်သမားဇာတ်လမ်းပါ စွန့်ပြစ်ခံ LGBT တစ်ယောက်ရဲ့ဘဝပေးကုသိုလ်ကံကို သနားစရာ၊ကြောက်စရာကောင်းအောင် တင်ဆက်ပေးပါမယ် စိတ္တဇလူသတ်သမားကို ကြောက်စရာအသွင်မမြင်ပဲ သနားစရာလူသားတစ်ဦးလို့ပဲ မြင်ပေးကြပါ အရောင်မဲ့