~~Do You Love Me~~(part 3)
========================ဆရာဝန်၏ ခေါ်ဆိုမှုဖြင့် သြဘာနှင့်ဖေဖေရင်ခွဲရုံသို့ရောက်ရှိလာခဲ့သည်။ သတိုး၏မိဘများက ထိတ်လန့်ကြောက်ရွံ့စွာဖြင့်
ရင်ခွဲရုံတံခါးဝတွင် ငိုကြွေးကာ ကံကြမ္မာကိုအပြစ်ဖို့နေလေသည်။.....သူတို့နှစ်ယောက်ရောက်သွားတော့....သတိုးမိဘများက အပြစ်ကျူးလွန်သူများလို မလိုစောအကြည့်များဖြင့်ကြည့်နေခြင်းမျိုးမရှိ...။ သူတို့မျက်ဝန်းအိမ်အတွင်း ဝမ်းနည်းမှုများသာ ယှက်ဖြာနေသည် ။ သို့သော်လဲ သြဘာတို့က ကိုယ့်ကြောင့်သေရသည်မဟုတ်သော်လဲ ကိုယ့်လိပ်ပြာကိုတော့မလုံချေ။
အနည်းငယ်တော့အားနာမိသည်။တံခါးပေါက်ဝ သတိုးမိဘများ၏မလှမ်းမကမ်းတွင် သြဘာတို့ ရပ်စောင့်နေပြီးခနအကြာဆရာဝန်က ထွက်လာ၏။
ဆရာဝန်က သတိုးမိဘများကိုကျော်ကာ သြဘာတို့ရှိရာလှမ်းလာသည်။
"ဒေါက်တာ အခြေအနေဘာထူးလို့လဲဗျ...."
"ကားတိုက်မှုကြောင့် သေလောက်တဲ့ဒဏ်ရာတော့မတွေ့ပါဘူး....ဒါပေမဲ့...ကာယကံရှင်ဟာ မခံမရပ်နိုင်လောက်အောင်ထိလူမဆန်စွာနှိပ်စက်ခံထားရတယ်......"
"အမလေး သားလေးရယ်ဖြစ်မှဖြစ်ရလေ....ဘယ်ဘဝကဝဋ်ကြွေးတွေလဲနော်....."
ဒေါက်တာ၏ စကားကိုတစ်စွန်းတစ်စကြားသိသွားသော သတိုး၏မေမေက ရဲခွဲရုံရှေ့ ကာထားသော သံဇကာကို လူဖြင့်ထုရိုက်ကာအော်ဟစ်ငိုကြွေးလေသည်။
ဒေါက်တာသည် အနောက်ရှိ သတိုးမိများကို ခေါင်းအနည်းငယ်ဆွေကာအကဲခတ်ကြည့်လိုက်သည်။ ပြီးနောက်အသံကိုအနည်းငယ်ထိန်းကာဖြင့်......
"အလောင်းပေါ်မှာ လက်ဗွေရာတွေအနည်းငယ်တော့တွေ့တယ်.....လက်ဗွေပါရဂူနဲ့စစ်ရဦးမယ်....ခင်ဗျားတို့လဲ ဒီအမှုမှာ ပတ်သက်နေတယ်ဆိုတော့ သူ့မိဘတွေကိုနည်းနည်းကူညီပေးလိုက်ပါဦးဗျာ....အသတ်ခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်လဲထပ်မပြောချင်တော့ဘူး....."

YOU ARE READING
Do You Love Me?
Horrorတစ်ကြိမ်တစ်ခါမှမရေးဖူးတဲ့... Horror ဆန်ဆန် စိတ္တဇလူသတ်သမားဇာတ်လမ်းပါ စွန့်ပြစ်ခံ LGBT တစ်ယောက်ရဲ့ဘဝပေးကုသိုလ်ကံကို သနားစရာ၊ကြောက်စရာကောင်းအောင် တင်ဆက်ပေးပါမယ် စိတ္တဇလူသတ်သမားကို ကြောက်စရာအသွင်မမြင်ပဲ သနားစရာလူသားတစ်ဦးလို့ပဲ မြင်ပေးကြပါ အရောင်မဲ့