Believe in Yourself Lit' Tee (Z&U)

1.9K 97 18
                                    

ဒီနေ့ "Emporium EmQuartier "က
Famous Brand ၄၀ကျော်ကိုစုစည်းပြီးတော့
Fierce Fashion Episode 2
"The Reflection" ဆိုတဲ့Title နဲ့ Fashion Runway ပွဲကျင်းပမဲ့နေ့ ပါ။

ဒီပွဲမှာတက်သစ်စကြယ်ပွင့်တွေ၊နာမည်ကျော်အနုပညာရှင်တွေ၊နာမည်ကျော်Modelတွေစုစုပေါင်းအယောက်၁၀၀
ကျော်လောက်ပါဝင်အားဖြည့်ထားတဲ့Fashion Showအကြီးကြီးဖြစ်လို့Raising Starထဲမှာပါတဲ့ ကျွန်တော်တို့ SBFive လဲဒီShowကြီးမှာ Runway လျှောက်ဖို့ကမ်းလှမ်းခြင်းခံခဲ့ရလို့
ဘယ်လိုဝမ်းသာမိတယ်ဆိုတာပြောမပြတက်အောင်ပါပဲ။

တဖက်မှာဒီလိုပွဲကြီးမှာပါရလို့အရမ်းပျော်မိပေမဲ့တဖက်မှာခုလိုမျိုးပွဲအကြီးကြီးတွေနဲ့အတွေ့အကြုံနည်းတဲ့ကျွန်တော့အတွက်Stage Shock ရှိနေဆဲ။

ခုလဲ Stylist ကပြင်ဆင်ပေးအပြီးမှာစင်ပေါ်တက်
Cat Walkမလျှောက်ရသေးခင်ခုံတခုံမှာထိုင်နေပြီး
စိတ်ကိုငြိမ်အောင်ကြိုးစားနေမိတုန်းအနားရောက်လာတဲ့
P Tae ။

"Tee စိတ်တွေအရမ်းလှုပ်ရှားနေလား"

ပြင်ဆင်ပြီးလို့ကျွန်တော့ဘေးနားရောက်လာပြီး
ပုခုံးကိုအားပေးတဲ့လက်နဲ့ဆုပ်ကိုင်လိုက်ပြီးတော့
မေးလာတဲ့P Tae ကိုမော့ကြည့်လိုက်ပြီး
အားတင်းပြီးပြုံးပြလိုက်မိတယ်။

ကျွန်တော်ပြုံးတဲ့အပြုံးကမချိပြုံးများဖြစ်သွားမလားတောင်
မသိဘူး။ကျွန်တော့ထက်အငယ်ဖြစ်တဲ့Copter နဲ့ Bas တောင်ကျွန်တော့လောက်စိတ်လှုပ်ရှားနေပုံမပေါ်။

"Tee ... Relax na ။ P ဘေးနားမှာတောက်လျှောက် ရှိ နေမယ် na။လူတွေအများကြီးရှေ့မှာလို့မမြင်နဲ့။
P Tae ရှေ့မှာ Tee ညီလေးတွေရှေ့မှာဒီညီအကိုတွေ ရှေ့မှာ လျှောက်နေတယ်လို့ပဲမျက်စိထဲတွေးမြင်ထား အငယ်လေး "

"Oii Khun Tae Khap ။ Tee Tee ကမငယ်တော့ပါဘူး Khap "

ကျွန်တော့ကိုမကြောက်အောင်အားပေးစကားပြောနေတဲ့
P Tae စကားကို P Kim ကပါဘေးကနေလာရပ်ပြီး
နားထောင်နေရင်းနဲ့P Tae ကအငယ်လေးလို့ပြောတဲ့ စကား ကြားတော့ပြုံးစိစိနဲ့နောက်လာလို့ ကျွန်တော်
P Kimကို မျက်စောင်းထိုးပြီးကြည့်လိုက်မိတော့P Kim ကရယ်တယ်။

"Ai Kim ငါ့မျက်စိထဲတော့ငါ့ Khun Ying လေးက
ငယ်ငယ်လေးပဲရှိသေးတယ်"

TaeTee x Forthbeam One Shot Où les histoires vivent. Découvrez maintenant