Oh My Kitty (1)

906 65 34
                                    

ဒီနေ့ကကျွန်တော်ဒီကမ္ဘာလောကကြီးကိုရောက်ရှိပြီးပြင်ပ
လောကနဲ့ထိတွေ့ခွင့်ရတဲ့ပထမဆုံးနေ့......

ဒါပေမဲ့ကျွန်တော်ဘယ်ကိုမှလိုက်ကြည့်မနေပါဘူး။ဘာ
ကြောင့်ဆိုကျွန်တော်ဗိုက်မ၀သေးဘူးလေ။ဒါကြောင့်မို့
နွေးထွေးတဲ့ကျွန်တော့Maa Maa ရင်ခွင်ထဲအတင်းတိုး ၀င်ပြီးကျွန်တော့မောင်နှမတွေနဲ့တူတူMaa Maa ဆီမှာချိုချိုလုစို့နေတာပေါ့။

လုစို့တယ်ပြောရတာလဲကျွန်တော့မောင်နှမတွေကကျွန်တော်စို့နေတဲ့ချိုကိုအတင်းလာစို့လို့ပြောရတာပါ။ကိုယ်
ရောက်နေတဲ့နားကချိုကိုအေးဆေးစို့ပါလား။ဘာလို့သူများချိုချိုလာလုစို့နေတာလဲ။

ဟောကြည့် ပြောရင်းဆိုရင်းကျွန်တော့ကိုခြေထောက်နဲ့ ကန်ပြီးကျွန်တော်စို့နေတဲ့ချိုကိုလာလုစို့သွားပြန်ပြီ။

ကျွန်တော်အရမ်းစိတ်ဆိုးလို့"ငါ့နေရာလာလုမစို့နဲ့လို့
အော်ပစ်လိုက်တယ်"

"Miaoooo !! သွားးး ငါ့နေရာကဖယ်ပေးးးး "

"Wow Wow... Mae ကြည့်အုံး။ဒီကောင်လေး သူ့နို့လုစို့ခံလိုက်ရလို့ငိုနေပြီ"

အွန်

ဒါဘာသံလဲဒီအသံတခါမှမကြားဖူးပါဘူး။

ကျွန်တော်အသံလာတဲ့နေရာကိုခေါင်းလေးဟိုယမ်းဒီ
ယမ်းနဲ့ရှာကြည့်နေတုန်းရုတ်တရက်လေပေါ်မြောက်
တက်သွားတာကြောင့်လန့်ပြီးအားရပါးရအော်ပစ်လိုက်
ှတော့တယ်။

"Arrrr !!! Maaa !!! Miaooo"

"Ohoo မင်းလေးကအာပြဲလေးပါလား၊ဒီမှာမင်းချိုချိုစို့ဖို့ နေရာပြန်ချပေးမလို့ပါကွ"

ကျွန်တော်ကုန်းရုန်းပြီးအော်လိုက်တော့ကျွန်တော့Maaကကျွန်တော့ကိုမကြောက်ဖို့ချော့တယ်။

"သားလေးရေ ၊ဒါကMaa တို့သခင်လေး၊သားလေး ကြောက်ဖို့မလိုဘူး၊သူကMaaတို့အပေါ်ကြင်နာပါတယ် Miaooo"

"Miaoo သားမသိဘူး၊ကြောက်တယ် Miaoo "

လေပေါ်ခဏမြောက်တက်သွားပြီးMaa ရင်ခွင်ထဲ ပြန်ရောက်သွားပြီးတော့Maa နို့ချိုရှိတဲ့နေရာကို ခုနMaaပြောတဲ့သခင်လေးကချပေးလာလို့သူ့ရှေ့မှာ
မသောက်ဖူးဆိုပြီးမာနကြီးပြပြီးနေမလို့ပေမဲ့ချိုချိုနံ့ရတော့
မနေနိုင်ဘူး။ချက်ချင်းစို့မိတော့တာပဲ။

TaeTee x Forthbeam One Shot Donde viven las historias. Descúbrelo ahora