Demon King (သို့) ကဝေ့ဘုရင် -၂

640 32 0
                                    

"အရှင် ........ "

"ဘာဖြစ်လာတာလည်း ဝေယံ "

"မြို့ထဲမှာ အရင်ကတည်းကစ နေထိုင်ပြီး လူတွေအလယ်မှာ ဗေဒင်ဟော နတ်ဟော လုပ်ပြီးစားသောက်နေတဲ့ ကဝေမ တစ်ယောက် မနက်စောစောက လူသတ်တယ်လို့ သတင်းရထားပါတယ် "

"ဘယ်လိုအကြောင်းကြောင့်လည်း "

"ရန်ဘက်ဖြစ်တဲ့ လူနှစ်ယောက်မှာ တစ်ယောက်က သူ့ကို အခကြေးငွေနဲ့ငှားရမ်းစေခိုင်းတယ်လို့ ကြားခဲ့ပါတယ် "

"တခြားအကြောင်းအရာရော ...... "

"နာမည်ကတော့ ဒေါ်စောသောင်းပါ သူမရဲ့ သက်တမ်းကတော့ တစ်ရာကျော်ပြီဖြစ်ပါတယ် မြို့ထဲမှာနေထိုင်နေခဲ့တာတော့ လွန်ခဲ့တဲ့ ဆယ့်ငါးနှစ်ကစပြီး နေခဲ့တာပါ သူမရဲ့ ဇာတိရုပ်ကို ဖုံးကွယ်ဖို့ လူတွေကြားမှာနေထိုင်ရန် အဆင်ပြေစေဖို့ နတ်ကတော်အဖြစ်နေထိုင်ခဲ့တာပါ .... တစ်ခါတစ်ရံစားသောက်လို၍ ကလေးငယ်လေးတွေကို ပြုစားခြင်း နေထိုင်မကောင်းအောင် လုပ်ခြင်း အပင်းသွင်းပြီး ရောဂါရှည်အောင်ပြုခြင်း အနည်းငယ်ရှိပေမဲ့ ကြီးကြီးမားမား လုပ်ဆောင်ခဲ့တာမျိုးတော့မရှိခဲ့ပါဘူး သူနေထိုင်ခဲ့တဲ့ အစပိုင်းဆယ့်ငါးနှစ်အတွင်း အဆင်ပြေပြေရှိနေပေမဲ့ လူသေအောင် လုပ်ဆောင်ခြင်းကတော့ ဆယ်စုနှစ်တစ်ခုအတွင်းမှာ ပထမဆုံးအကြိမ် ဖြစ်ပါတယ် .... ..... ..."

"ကောင်းပြီ ဒါဆို သူ့ကို ဆုံးမဖို့ခေါ်ဆောင်ခဲ့ ..... "

လူသတ်ခြင်းကို မယ်တော်များ၏ အမိန့်နှင့် သူကန့်သတ်ထားခဲ့ပြီးပြီဖြစ်သည် ။ ဒီ့နောက်ပိုင်း လူသတ်ခြင်း မပြုလုပ်ရန်အသေအချာ အမိန့်ထုတ်ထားသည့်ကြားက သတ်သည်ဆိုတော့ တော်ရုံ ကိစ္စတော့ မဖြစ်နိုင်ပေ ။ အပြစ်မပေးလို့မဖြစ်တာမို့ သေချာတာတစ်ခုက သူမ၏ ပညာတွေ ပြန်သိမ်းဆည်းခြင်းကိုလုပ်ဆောင်ရမှာ ။

"မှန်လှပါ အရှင် အချိန်ခဏအတွင်း ဆင့်ခေါ်လိုက်ပါမယ် .."

"တခြားရော ဘာရှိသေးသလည်း "

"အပင်းသွင်းခြင်း ပြုစားခြင်း ကိစ္စတစ်ချို့လည်းရှိပါသေးတယ် "

Demon King ( ကဝေ့ဘုရင်)Where stories live. Discover now