"ကိုကို ...... အဆင့်မြင့်ပညာသည်တွေ ဟိုဘက်နယ်မှာရောက်နေကြပြီ .... "
"ဘာမှ စိတ်မပူပါနဲ့ လ၀န်းငယ်ရယ် လ၀န်းငယ်ရော ကိုယ်ရော ရှိနေမှတော့ ဒီနယ်ကို ဘယ်သူမှ ရန်လာစဖို့ အကြောင်းမရှိပါဘူး "
နဂိုကတည်းက ပညာစုံသော အဆင့်မြင့်ကဝေပညာရှင်တစ်ယောက်ဖြစ်တာမို့ ကိုယ့်ကိုယ်ကို ယုံကြည်မှုကတော့ အပြည့်ရှိနေခဲ့သည် ။
လ၀န်းငယ် မည်မျှပင်စိတ်ပူနေစေကာမူ သူပညာစွမ်းကို အပြည့်အ၀ ယုံကြည်သည် ။ ထို့အတူ ပညာစွမ်းမနိမ့်လှသော လ၀န်းငယ်အပေါ်လည်း ယုံကြည်မှုရှိသည် ။
"မဟုတ်ဘူးကိုကို လ၀န်းကြားထားခဲ့တာ သာမန်အဆင့်တွေ မဟုတ်ဘူး ..... ပြီးတော့ တစ်ဦးချင်းတစ်ယောက်ချင်းလည်းမဟုတ်ဘူး ခုရောက်နေခဲ့တာ အုပ်စုလိုက် ပညာစွမ်းမနိမ့်တဲ့ လူတွေ "
"စိတ်ပူတတ်ရန်ကော လ၀န်းငယ် ဒီလောကမှာ မယ်တော်လေးပါးကလွဲရင် ကိုယ်ကို ကျော်လွန်နိုင်သူ မရှိသေးတာ လ၀န်းငယ်အသိလေ ..."
"မတူဘူးကိုကိုရဲ့ သူတို့က......ကိုကိုရယ် လ၀န်းစိတ်ပူတာပဲသိတယ် အုပ်စုလိုက်ရပ်ရွာကို ထိခိုက်အောင်လုပ်မှာကို အစိုးရိမ်ဆုံးပဲ စိတ်ထဲမှာ တစ်ခုခုဖြစ်တော့မယ်လို့ ကြိုတင်ခံစားနေရတယ် ကိုကိုရယ်"
မျက်နှာလေး မသာမယာနှင့် စိုးရိမ်မကင်းဟန်အပြည့်နှင့် ရှိနေသည့် လ၀န်းငယ်၏ ပုခုံးလေးကို အသာအယာ ဖက်ရင်း အားပေးနှစ်သိမ့်လိုက်သည် ။ ထို့နောက် လ၀န်းငယ်၏ စိတ်အာရုံတွေကို လွှဲရန်အတွက် ခြံဘက်ဆီသို့ ခေါ်ဆောင်ခဲ့လိုက်သည် ။
"လ၀န်း မင်္ဂလာပွဲ အချိန်အခါလည်းနီးကပ်နေပြီ ... တခြားအရာတွေကို စိတ်အာရုံမရောက်စေနဲ့လေ လိုအပ်တာတွေ ပြင်ဆင်ဖို့ အများကြီးရှိနေသေးတာ မမေ့နဲ့ "
"အစစ အရာရာ ကိုကိုတို့ ဆရာတပည့်တွေ စီစဉ်နေတာပဲ လ၀န်းကူညီတော့လဲ ပင်ပန်းပါတယ်ဆိုပြီး ငြင်းဆန်ကြတယ် လ၀န်းက ဘာဆက်လုပ်ရမှာလဲ ကိုကိုရဲ့ "
"လ၀န်း အတွက် အလုပ်တွေရှိတယ် ..... "
"ဟင် ..... ဘာအလုပ်လဲ "
YOU ARE READING
Demon King ( ကဝေ့ဘုရင်)
Espiritualမမြင်နိုင်တဲ့လောကဆိုတာ ဒီကမ္ဘာကြီးပေါ်မှာရှိနေပါတယ် အဲ့လိုပဲ ထူးဆန်းတဲ့ အတတ်ပညာတွေလဲ လောကမှာ အများကြီးရှိပါတယ် စုန်း ကဝေ သရဲ တစ္ဆေဆိုတာတွေလဲ ....... စုန်းတိုင်း ကဝေတိုင်း မကောင်းကြတာမှ မဟုတ်ပဲ .... လူတွေမှာလဲ လူကောင်းနဲ့ လူဆိုးရှိသလို စုန်းတွေမှာလ...