#First
ဝရံတာ မှာ ၁ယောက်ထဲ ရပ်ပြီး တွေးနေမိတဲ့ ကျွန်တော်,,,
ကိုယ့်ကိုယ်ကို ဒေါသဖြစ်မိတယ်...... တကယ်ဆို ၁၀တန်းကို နှစ်ချင်းပေါက် အောင်တာမဟုတ်တဲ့ကျွန်တော် က ဂုဏ်ထူးလေးတော့ပါသင့်တယ်မှတ်လား....
အမေကမေးတယ်
Mom_ သား နင် ဘာတတ်မှာလဲ သားဘာတတ်ချင်လဲ , သား အမှတ်က ကောင်းတာပဲ မမ လို သင်္ချာ ယူချင်လား ပြီးရင်@#%+×÷×???
Me_ သား........ ပန်းချီပဲ စိတ်ဝင်စားတယ်အမေ
သားအနုပညာ ကျောင်းတတ်ချင်တယ်။အမေဆက်မပြောတော့.........သိပါတယ် အမေသဘောမတူဘူးဆိုတာ အမေက သူတို့လို လစာကောင်းကောင်းနဲ့ ရုံးအလုပ် ပဲ လုပ်စေချင်တာလေ
Mama_အမေက လည်း သူပုံစံနဲ့ ရုံးအလုပ်လဲဖြစ်မှာမဟုတ်ပါဘူး သူတတ်ချင်တာပေးတတ်လိုက်ပါ။
My prov(သူပြောတဲ့အထဲမှာဒီ၁ခါပဲ သဘောကျတယ်😏👍 အဲ့လိုတည့်တာ အိမ်ကအစ်မနဲ့က)
အဲ့လောက်နဲ့သဘောတူမယ်ထင်လား အမေက?😑😑😑 No ပါ~~~ အမေ့အထက်က အစ်မ ကျွန်တော့အဒေါ် အကြီးဆုံးက (သူတတ်ချင်တာပေးတတ်လိုက်ပါဟယ်....သူကျောင်းပြီးသွားလို့ အလုပ်ရဖို့က ငါ့တာဝန်ထား) ဆိုမှ တတ်ခိုင်းတာ
အဲ့တော့မှ ကျွန်တော်လဲ တတ်ခွင့်ရခဲ့တယ်ဆိုပါတော့။
တစ်ကယ်တော့ သူများနိုင်ငံတွေမှာဆို အနုပညာတက္ကသိုလ် ကျောင်းတွေ က ဟိုအရင်ကတည်းက ကျွန်တော်တို့ နိုင်ငံထက် စောပြီး တည်ရှိခဲ့တယ် အောင်လဲအောင်မြင်ခဲ့တယ်။ ဒါပေမယ့် ကျွန်တော်တို့နိုင်လို ဖွင့်ဖြိုးစဲ နိုင်ငံမှာကတော့ အနုပညာတက္ကသိုလ် တတ်ပြီး အပြင်မှာ ရပ်တည်ဖို့ဆိုတာက အရမ်းခက်ခဲပါတယ်...အဲ့တာကြောင့် ကျွန်တော် တို့နိုင်ငံက မိဘတော်တော်များများ ဆင်းရဲတဲ့အသိုင်းအဝိုင်း လူလတ်တန်းစား တွေက အနုပညာတက္ကသိုလ် တတ်ဖို့ကို အားမပေးကြပါဘူး..... (တတ်ပြီးနင်တို့က ဘာလုပ်စားမှာလဲမေးကြတယ်)
နောက်ပြီး အနုပညာတက္ကသိုလ်က အမှတ်နဲ့ဝင်ရတာမဟုတ်ဘဲ အင်တာဗျူး ဖြေရတာဆိုတော့
တချို့ကလည်း အမှတ်နည်းလို့ ဆိုပြီး လာတတ်ကြတာတို့ ,,,မိဘတွေကိုယ်တိုင်ကလည်းအမှတ်နည်းလို့တတ်ခိုင်းတာတို့ ရှိကြတယ်,,, ကိုယ့်သားသမီး
ကိုယ်တိုင်က ဝါသနာပါလို့ တတ်ခိုင်းတဲ့မိဘဆိုတာ ခပ်ရှားရှားရယ် သူတို့လိုချင်တာက တက္ကသိုလ် ၁ခုခုတတ်ပြီးရင် လစာကောင်းကောင်းနဲ့အလုပ်၁ခုဝင်လုပ်ဖို့ပါပဲ............
ကျွန်တော် တို့နိုင်ငံမှာ အနုပညာတက္ကသိုလ်က စုစုပေါင်း ၂ခု ပဲရှိတယ် ရန်ကုန်မှာရယ် မန္တလေးမှာရယ် , နောက်ပြီး ရန်ကုန် မှာ အနုပညာ အထက်တန်းကျောင်းဆိုပြီး ၁ခုရှိပါသေးတယ်။ တချို့ဆိုအဲ့တာကို သိတောင်မသိပါဘူး ..
(Aww အဲ့ဒါ တက္ကသိုလ်လား လို့တောင်မေးကြသေးတာ) အနုပညာတက္ကသိုလ် တတ်တဲ့သူတို့အဖို့
အမေးခံရတဲ့မေးခွန်းတွေကတော့
(အနုပညာကျောင်းတတ်တာဆိုတော့ကတတ်လားတဲ့)
သူတို့စိတ်ထဲ အဲ့တက္ကသိုလ်တတ်တာနဲ့ အကပဲ သင်တယ်ထင်နေလားမသိ.....နောက်တစ်ခုက
(ကျောင်းပြီးရင်ဘာလုပ်စားမှာလဲတဲ့)
Major ဘယ်၂ခုရှိမှန်းတောင်မသိကြပေ....
တကယ်တော့ အနုပညာတက္ကသိုလ် တတ်ဖို့ဆိုတာ အမှတ်နည်းရုံနဲ့ မရ၊ ဝါသနာမပါလို့ကတော့ ကြာရှည်သင်ယူဖို့ဆိုတာမလွယ်ကူပါ နိုင်ငံတနိုင်ငံ အောင်မြင်တိုးတတ်တဲ့ နေရာမှာ အနုပညာယဉ်ကျေးမှု ကလည်းအရေးပါလှပါသည်။
ဆိုတော့ ကျွန်တော့် အဖို့ ဒီလိုတတ်ခွင့်ရတာ
အရမ်းဝမ်းသာမိတယ် ဒါတောင်လွယ်လွယ်နဲ့တတ်ခွင့်ရတာမဟုတ်ဖူးလေ မာတာမိခင်က ဒါတောင်လက်မလျော့ .....အပြင်မှာအခြားသင်တန်းတတ်ပြီး ရုံးအလုပ်လုပ်ဖို့ တိုက်တွန်းနေသေးတာ 😑😑😑
Me-ဟူး~~~တော်ပြီ အိပ်တော့မယ် မနက်ဖြန်အင်တာဗျူးသွားဖြေရတော့မှာ
My pro(ထုံစံအတိုင်း အိပ်လို့မပျော်ပြန်ဘူး မနက်ဖြန် အင်တာဗျူးဖြေရမှာဆိုတော့ စိတ်လှုပ်ရှား ပြီး ပိုအိပ်မရပဲ တောင်တွေးမြောက်တွေး😴😬)..............
YOU ARE READING
အမှန်တရား၏နောက်ကွယ်??
Romanceဖြစ်ရပ်မှန်အကြောင်းလေးကို yaoi ပုံစံဖြင့်ပြန်လည်ရေးသားထားပါသည်။