Hello!Hi!✋
59 3 1
#၈၁ လိုင်းကား​ပေါ်တွင်​~~~ ထိုင်​လျက်​ဖြင့်​​နောက်​ကတန်း ကိုလှမ်းကိုင်​ကာ အပြင်​သို့​ငေးကြည့်​​နေမိသည်
(YBS ​တွေမ​ပေါ်ခင်​က​ပေါ့ ကျွန်​​တော်​ တက္ကသိုလ်​ တတ်​ပြီး မကြာမှ YBS​တွေ​ပေါ်လာတာပါ.... အဲ့တုန်းက ၈၁စီးရင်​ ကျွန်​​တော်​ ​နေတဲ့​နေရာက​နေဆို ယဉ်​​ကျေးမှုတက္ကသိုလ်​ကို တိုက်​ရိုက်​ ​ရောက်​တယ်​​လေ အခု​တော့.........အင်း....​​နောက်​ပိုင်း​တော့ YBS83 လုပ်​မှ​ရောက်​​တော့တယ်​ ဒါ​ပေမယ့်​လည်း လူကမတရားကျပ်​​တော့ အဆင်​မ​ပြေဘူးရယ်​ ဆက်​မယ်​​နော်​)
ဒီ​နေ့ကအင်​တာဗျူး​ဖြေရမယ့်​​နေ့ဆို​တော့ စိတ်​​တွေလှုပ်​ရှား​နေမိတာ​တော့အမှန်​ပဲ ဟူး....... ကျွန်​​တော်​အပြင်​ကို​ငေးကြည့်​ရာက​နေ အထဲကို​ဝေ့ကြည့်​လိုက်​​တော့ ကျွန်​​တော်​နဲ့မျက်​နှာချင်းဆိုင်​မှာ ​မောင်​နှမ၂​ယောက်​ဖြစ်​ပုံရတယ်​  ​ကောင်​မ​လေးက ​သေး​လေး​လေး သူအစ်​ကိုက တက္ကသိုလ်​တတမှာထင်​တယ်​ ?ကျွန်​​တော့်​ကိုလဲ အဲ့ ​သေး​သေး​လေး က ကြည့်​​နေ​သေးတာ ဘာလားဘဲ?😕  .....
"သား ထက်​မြက်​ ​ရောက်​​တော့မယ်​"
"ဗျာ ဟုတ်​"  ကျွန်​​တော်​တို့လဲဆင်း​ရော ထုံးစံအတိုင်း သ​ဘော​ကောင်းတဲ့အ​မေက "သားတို့က ဘယ်​​မေဂျာတတ်​မှာလဲ" "Aww ပန်းဂျီခင်​ဗျ "
"သားတတ်​မှာလား?"
"​ဗျာ~မဟုတ်​ဖူးအန်​တီ သားညီမ​လေးတတ်​မှာ"
"ကျွန်​​တော်​ က​ကျောင်းပြီးသွားပြီ"
       ခွီး.......😂 ကျွန်​​တော်​ စိတ်​ထဲက​နေရီလိုက်​မိတယ်​ အပြင်​မှာ​တောင်​ပြုံးမိသွားသလိုပဲ ဟုတ်​တယ်​​လေ တက္ကသိုလ်​ တတ်​မယ့်​ ညီမ က ၈တန်း​ကျောင်းသူအရွယ်​ အစ်​ကိုကလဲ အခုမှစတတ်​မယ့်​ပုံစံနဲ့ ဆို​တော့ ....
"Aww ဟုတ်​လား အာ့ဆို အန်​တီတို့နဲ့အတူတူသွားရ​အောင်​​လေ"
"ဟုတ်​ကဲ့အန်​တီ"
       ဟို​ရောက်​​တော့ ​ဖြေရမယ့်​အချိန်​လဲလို​သေးတာနဲ့ အ​မေ့ကို​ပြောပြီးကန်​တီးမှာမုန့်​အရင်​သွားစားကြတယ်​ ဟို​သေး​သေး​မောင်​နှမလဲပါတယ်​ဗျ...အဲ့လိုနဲ့စား​သောက်​ကြရင်းက my mom ရဲ့ ​ဖော်​​ရွေစွာ​လေ့လာချက်​အရ
(စပ်​စုတာရယ်​ပါ ကန်​​တော့😀) အဲ့​သေး​သေး​ကောင်​မ​လေးက အမွှာ၃​ယောက်​တဲ့ ကျွန်​​တော်​တို့​နေတဲ့​နေရာနဲ့မ​ဝေးဘူးရယ်​ အ​မေက​တော့ သူတို့ကိုသိတယ်​ဆိုဘဲ ​အေ့​လေအ​မေက အ​ပေါင်းအသင်းမိတ်​​ဆွေ​ပေါ​တော့.......ကျွန်​​တော်​ က​တော့စိတ်​မဝင်​စားဘူး 😌
ပြီး​တော့ အင်​တာဗျူး ​ဖြေမယ့်​အခန်းကိုကျွန်​​တော်​တို့ ​ရောက်​လာခဲ့တယ်​ ​ရေး​ဖြေလဲ​ဖြေရတယ်​ ပုံလဲဆွဲရတယ်​ ရင်​အတုန်​ဆုံးအချိန်​က​တော့ ဆရာ​တွေနဲ့ ၁​ယောက်​ချင်းစီ ​တွေ့ရတဲ့အချိန်​ပဲ😰 အဲ့မှာလဲတလွဲလုပ်​ခဲ့​သေးတာ
"​ရေး​​ဖြေမှာ နိုင်​ငံခြားကပန်းချီဆရာ​တွေမသိဘူးလား"
"ဗျာ သိတယ်​ဆရာ"
"အာ့ဆိုဘာလို့မ​ရေးတာလဲ?"
"ဟို...စာလုံးမ​ပေါင်းတတ်​လို့....လို့..😫😩" ငိတွားပြီအရှက်​​တွေ ဝုတ်​ဒယ်​ ငါမှ စာလုံးမ​ပေါင်းတတ်​တာ ​တော်​​တာ​ပေါ့​နော်​😀😀 အာ့နဲ့ကိုယ်​ဆွဲထားတဲ့ပုံ​တွေလဲပြရတယ်​ အဲ့မှာစတာပဲ ဆရာ၁​ယောက်​က ကိုယ်​ဆွဲထားတဲ့စာအုပ်​​လေးကိုလှန်​လိုက်​​ရော ​ကောင်​မ​လေး
Nudeပုံ​ရေးထားတာ​တွေ့ပါ​လေ​ရော ဒါ​ပေမယ့်​ လဲ နဲနဲ ​လေးဖုံးထားပါတယ်​ ဆရာ​တွေမျက်​နှာကတစ်​မျိုးဖြစ်​သွားသလိုပဲ (ကျွန်​​တော်​နှာဗူး မဟုတ်​ပါဘူးဗျာ ဒီအတိုင်းလူပုံဆွဲရတာဝါသနာပါလို့ပါ😩) အဲ့လို ထမြက်​ထွန်း ဆိုတာ နဲနဲ ​လေးမှတလွဲမလုပ်​ရရင်​မ​နေနိုင်​.....ဘာပဲဖြစ်​ဖြစ်​ အ​ကောင်းဆုံး​တော့​ဖြေလာခဲ့တယ်​...
အပြင်​ဘက်​​ရောက်​​တော့ ​ဖောင်​ဖြည့်​ရမယ်​ဆိုတာနဲ့
My momနဲ့ ကျွန်​​တော်​နဲ့ ​အောက်​ထပ်​က ​လျှောက်​လွှာ​တွေ​ပေးတဲ့အခန်းထဲ​ရောက်​လာကြတယ်
အခန်းထဲ​ရောက်​​တော့ အ​နောက်​က​နေ အသံ​လေးတစ်​သံကြားလိုက်​တယ်​ လှည့်​ကြည့်​လိုက်​​တော့ "ဟို​လေ အန်​တီ ပန်းချီ​မေဂျာ​ဖောင်​က ဘယ်​မှာယူရမှာလဲသိလားဟင်​" "အန်​တီတို့လဲမသိဘူးသားရဲ့ " ထိုစဉ်​ " ပန်းချီ​မေဂျာဆို ဟိုဘက်​မှာ ယူရမှာ" စာ​ရေးမ၁​ယောက်​ရဲ့အသံ​လာရာဆီ ကျွန်​​တော်​တို့သွားလိုက်​တယ်​။ ​​စောနက​ကောင်​​လေးလဲ ကျွန်​​တော်​တို့နဲ့အတူပါလာတယ်​ သူပုံကြည့်​ရတာ ​ဖော်​​ရွေတတ်​မယ့်​ပုံပဲ ​​ကျွန်​​တော့်​တို့ကို ​တွေ့​တွေ့ခြင်း ရှိသမျှသွား အကုန်​နဲ့ ရီပြ​သေးလို့​လေ 😅
                          "သားက မင်း​ခေတ်​ပါအန်​တီ😁😀"
Aww မင်း​ခေတ်​တဲ့ "မင်းနာမည်​က​ရော?😃"
ရှိသမျှသွား​တွေနဲ့ရီပြရင်းက ကျွန်​​တော့်​ကို​မေးလာတယ်
"ငါက ထက်​မြက်​ထွန်း"  ကျွန်​​တော်​ဒီအတိုင်းပြုံးပြရင်း​ဖြေလိုက်​တယ်​ fake smile လိုဖြစ်​သွားမလား​တော့
မသိဘူး ကျွန်​​တော်​ က သိပ်​မရင်းနှီးရင်​အဲ့လိုပဲမို့......
               အဲ့လိုနဲ့ ​ဖောင်​တင်​ပြီး ကျွန်​​တော်​ တို့ တတ်​ရမယ့်​ အ​ဆောင်​ကိုသွားရ​တော့မယ်​​လေ အဲ့အချိန်​ထိ မင်း​ခေတ်​ ဆိုတဲ့​ကောင်​​လေးပါ​လာ​သေးတယ်​ တချိန်​လုံးလဲ အတူတူ သွားမယ်​ သူ့ကို​စောင့်​ပါဆိုတာချည်းပဲ
😂 "aww မင်းphနံပါတ်​​ပေးထားအုံး​လေ ​တော်​ကြာလူကွဲသွားရင်​လှမ်းဆက်​လို့ရ​အောင်​ "
"Aww imm 0997........"ကျွန်​​တော်​ ​ph no.​ပေးလိုက်​တယ်​ ​နောက်​​တော့ အတူတူ သွား​နေရင်း အဲ့​ကောင်​​လေး ဘယ်​​ရောက်​သွားတယ်​မသိဘူး ကျွန်​​တော်​ က​တော့ တတ်​ရမယ့်​အခန်း(ပန်​ချီfirst yearအခန်း)
ကို​​တောင်​​ရောက်​လာပြီ ခနကြာ​တော့ ဆရာဝင်​လာတယ်​ မိတ်​ဆက်​ကြတယ်​ အဲ့အချိန်​ထိ အဲ့​ကောင်​​လေးကိုမ​တွေ့​သေး ကျွန်​​တော်​လဲ စိတ်​ပူသွားတယ်​ အ​ဆောင်​မ​တွေ့ပဲ ၁​ယောက်​ထဲ ဖြစ်​​နေမှာဆိုးတယ်​။
        ph no.အစိမ်း ကျွန်​​တော့်​ ဆီဝင်​လာတယ်​ "hello!"
  "ထက်​မြက်​လား ငါ မင်း​ခေတ်​မင်း
  ဘယ်​မှာလဲ ငါNUAC လို့​ရေးထားတဲ့အဝိုင်းမှာ"
"Awwငါက ပန်းချီ first yearအခန်းမှာ အ​ပေါ်ဆုံးထပ်​ ဆရာဝင်​ပြီး မိတ်​ဆက်​​​နေတယ်​ တတ်​ခဲ့​လေ"
"ဟုတ်​လား အာ့ဆို မင်းပြီးရင်​ဆင်းခဲ့​လေ ငါ​စောင့်​​နေမယ်​"
"မင်းအကြာကြီး ​စောင့်​ရမှာ​ပေါ့"
"ရတယ်​ ​စောင့်​​နေမယ်​ ပြီးမှဆင်းခဲ့"
"​အေး​အေး"
ဆရာမိတ်​ဆက်​လို့ပြီးသွား​တော့ ကျွန်​​တော်​ ​အောက်​ကို​ပြေးဆင်းလာတယ်​ .....သူ့ကိုရှာမိတယ်​ ​ဟောဟိုမှာ​တွေ့ပါပြီ      "ကြာသွားလားး"
                 "မကြာပါဘူး ဗိုက်​ဆာတယ်​ကွာ ၁ခုခုစား                     ရ​အောင်​"
                 "​အေးကွာ စားရ​အောင်​ "
နေ့လည်​​ရောက်​​နေပြီး ဗိုက်​ဆာ​နေတာနဲ့ အနားက ကန်​တီး မှာထိုင်​ဖြစ်​တယ်​ အဲ့ကန်​တီးထိုင်​တာကလည်း ခုံ​လေး​တွေက သစ်​ပင်​အုတ်​မှာဆို​တော့ အရိပ်​လဲရ ​လေး​ကောင်း​လေသန့်​လဲရ မယ်​ထင်​တာနဲ့ ၂​ယောက်​သားဝင်​ထိုင်​လိုက်​တယ်​  
ထိုင်​ခုံအပြီး မှာဖို့ကြည့်​လိုက်​​တော့ တခြားဝိုင်း​တွေကိုချ​ပေး​နေတဲ့ ဝိတ်​တာ​ကောုင်​​လေးကို​တွေ့သွားတယ်​ လှမ်း​ခေါ်ဖို့လုပ်​လိုက်​​တော့ သူ့ပုံက ပုဆိုးကို ထဘီလိုမ ကနွဲ့ကလျ နဲ့​လျောက်​​နေ​တော့ (​တော်​​တော်​နွဲ့​နေတာဗျ) ညီ​လေးလို့ပဲ​ခေါ်ရမလိုလို
ညီမ​လေးလို့ပဲ​ခေါ်ရမလိုလို😷 ၂​ယောက်​သား ၁​ယောက်​မျက်​နှာ၁​ယောက်​ကြည့်​ပြီး ဖင်​ကုတ်​ ​ခေါင်းကုတ်​နဲ့ ဘယ်​လို​ခေါ်ရမလဲစဉ်းစားခန်းဝင်​​နေတုန်း
ကျွန်​​တော်​ ​ခေါ်လိုက်​မိတာက "ဟို.....ဟို..ဟိုဟာာ!😫" 
တော်​​သေးတယ်​​ရောက်​လာလို့ 😰
" ဘာရှိလဲ" ​နောက်​​တော့ ဘာမှာရမှန်းမသိတာနဲ့ ကြက်​စပ်​နဲ့ ၂​ယောက်​သားမှာလိုက်​ပါတယ်​ လာချ​ပေးတယ်​ ကြာရိုးဟင်းခါး​လေး​တောင်​​ပါ​သေးတယ်​ဗျ ဗိုက်​ဆာ​နေတာနဲ့ စားလိုက်​တာ ဆားခဲ​တွေဆားခဲ​တွေဆိုတာ
😫😣😣 ကျွန်​​တော်​ အငံကြိုက်​သူ​တောင်​မနည်းစား​နေရတာ ဖျားဖျားပဲ မင်း​ခေတ်​က​တော့ မစားနိုင်​​တော့ဘူးဆိုပြီး မျက်​နှာကြီး ရှုံတွပြီး ကြာရိုးဟင်းခါး​လေးနဲ့ပဲ စားရရှာတယ်​  ကြက်​စပ်​​လေးစားချင်​လို့ ​ဈေးကြီး​ပေးပြီး မှာစားပါတယ်​ကွာ ကြာရိုးဟင်းခါး​လေးနဲ့၂ပါးသွားရတယ်​လို့ ငါ​နော်​😧😧😩...........
အမှန်​တရား၏​နောက်​ကွယ်​??Where stories live. Discover now