Episode 25 ( Final )

8.9K 717 31
                                    


[ Unicode ]

ပန်းလေးတွေကပြောတယ် ။
သူတို့ဟာ ရက်ပိုင်းလေးပဲ လောကကြီးမှာ နေရ
ပေမယ့် အလှဆုံး အတောက်ပဆုံး အချိန်ဆိုတာကို
ဖြစ်ခွင့်ရလို့ ကျေနပ်သတဲ့ ။ ကျွန်တော်ဟာ
အနည်းငယ် ရှည် နေတဲ့ ရှေ့ဆံပင် ခပ်ညိုညိုကို
သားရေကွင်းအမဲ နဲ့ ထောင် ပြီး ချည်ထားတယ် ။
ChanYeol Hyung ချည်ထားပေးတယ်
ဆိုပါတော့ ။

စိတ်ထဲမှာ နေရတာ တစ်မျိုးလေးပဲ ။ ်
ကျွန်တော်က အမြဲမျက်လုံး အုပ်နေတဲ့
ဆံပင်တွေကြားကနေပဲ လောကကြီးကို ကြည့်.ခဲ့တာ၊
ခုတော့ ထင်ပေါ်လာသလိုပဲ ။ ပန်းလေးတွေလို
ခဏလေးဖြစ်ဖြစ် တောက်ပ နိုင်ဖို့ နည်းလမ်းကို
စဥ်းစားရင်း... မြေကို တူးဆွနေမိတယ် ။

" Baek  ..... ဒီနေ့ ကျောင်းပိတ်တာလား "

လွန်ခဲ့တဲ့ ၅လလောက်က ChanYeol Hyung
က နှစ်ထပ်တိုက်လေး နဲ့ ပန်းခြံသေး ရှိသော
ခြံလေးကို ပြောင်းလာတယ် ။ ဘေးခြံက Ji soo
ဆိုတဲ့ အမမှာ တအားချစ်ဖို့ကောင်းတဲ့ ခွေးလေး
' Mongu ' ရှိတယ် ။ ဒီလိုညနေဘက်ဆို အမ Ji soo
က သူ့တူလေးကို ကျောင်းသွားကြိုရင်း ကျနော်တို့
ကိုနှုတ်ဆက်တတ်တယ် ။

" ဟုတ်တယ် .. . အမ စာမေးပွဲဖြေရတော့မှာလေ"

ChanYeol Hyung စုံစမ်းပေးတဲ့ ကျောင်းမှာ
စိတ်ရောဂါအထူးပြုကို တက်ခွင့်ရတယ် ။ပုဂ္ဂလိက
ကျောင်းဆိုတော့ ထင်တာထက် ငွေပိုကုန်သည် ။
ဒါပေမယ့် စိတ်ဝင်စားလို့ပေလား ၊ စာတွေက
မခက်ပါဖူး ၊ စာထက် လက်တွေ့က ပိုအရေးကြီး
တာလေ ။ အပြင်မှာ ခံစားနေရတဲ့ စိတ်ဝေဒနာ ပေါင်း
များစွာက စာအုပ်ကြီးအတိုင်းမှ မဟုတ်တာ ။

" ဟုတ်လား.... ကြိုးစားနော်၊ ကြည့်ပါဦး
ဆံပင်က ဘယ်လို ဖြစ်ရတာလဲ "

"အာ  .... ဆံပင် မညှပ်ဖြစ်သေးလို့လေ။
အဆင်ပြေသလို စည်းထားတာ ... "

" အေးအေး... အိမ်ထဲမှာ နေလို့ပေါ့ ။.အပြင်
ကိုတော့ ဒီတိုင်း မထွက်နဲ့ဦး... "

အမ Ji Soo က နောက်ပြောရင်း ခြံပြင်
ထွက်သွားသည် ။ အချိန်ကာလ အားဖြင့်
၅လမှာ ကျွန်တော်က ဒီလို အိမ်နီးချင်းတွေနဲ့
စကားစမြည် ပြောလိမ့်မယ်လို့ ဘယ်ထင်ထား
မိမှာလဲနော် ။ Byun BaekHyun အဘိဓာန်က
တော့ အံ့ဩစရာပါပဲ ။

|| C's Shade || 《 Completed 》 [Unicode/ZawGyi]Where stories live. Discover now