C's SHADE
[ Unicode ]
" Byun BaekHyun...ရှေ့နေ့မင်းကိုလာတွေ့တယ် "
အမိန့်သံအဆုံးမှာ နံရံထောင့်နားမှာ ခေါင်းငိုက်စိုက်ကျ
နေတဲ့ ကောင်လေးတစ်ယောက် ရုတ်တရက်
ကြောင်တောင်တောင်လေးနဲ့ မော့ကြည့်ပြီး စကားပြောဖို့
အခြားအခန်းကိုဦးတည်သွားလိုက်တယ်။ကျွန်တော်နေရာယူပြီးတာနဲ့ ရှေ့နေ့အမျိုးသမီးက
ထမင်းဗူးတွေကို ဖွင့်ပြီး ချည်နှောင်ခြင်းခံထားရသည့်
လက်ချောင်းကြားထဲသို့ ဇွန်းကို ထည့်ပေးသည်။
ကျွန်တော်ကြိုက်တဲ့ အသားပြားကြော်ရယ် နဲ့
အရွက်ကြော်မျိုးစုံ ၊ထမင်းလိပ် ၊ ကြက်ဥကြော်
အစုံအလင်ပါပဲ ။" တို့ချက်လာတာမဟုတ်ဘူး၊ ဒါတွေကဆိုင်မှာဝယ်လာတာ။
မင်းအားရှိအောင်စားလိုက်ဦး ""ဘာလို့လဲ?သဘက်ခါဆို အမိန့်ချတော့မှာဆို? ကျွန်တော်နဲ့
တွေ့စရာလိုသေးလို့လား? "ကျွန်တော်မေးတဲ့မေးခွန်းကိုအရေးမစိုက်ဟန်နှင့်
ဟင်းရည်ကိုခွက်ထဲငှဲ့ထည့်ပေးနေသည်။
သူမမျက်နှာကြည့်ရတာ တည်တည်ငြိမ်ငြိမ်နှင့် ။" အရင်စားလိုက်ပါဦး "
သူမရဲ့တုံ့ပြန်သံအပြီးမှာ စားပွဲခုံပေါ်သို့ ဇွန်းကို
ခပ်ကြမ်းကြမ်းရိုက်ချလိုက်မိတယ်။ သူမကိုကြည့်ရတာ
ထိတ်လန့်သည့်ပုံလည်းမပေါ် ။" BaekHyun... , မင်းဘာတွေတွေးနေတာလဲ?"
သူမမေးခွန်းက ရိုးရှင်းလှပါတယ်။
သို့သော်ရှင်းလင်းလွန်းသည့် မေးခွန်း၏ အဖြေက
လွန်စွာရှုပ်ထွေးနေ၏။ ကိုယ်ကိုယ်တိုင်ပင် မသိရလောက်အောင် ဘာတွေတွေးနေမိသလဲဆိုတာ။." ဘာလို့ ကျွန်တော့်ကိုလာတွေ့တာလဲ? "
"လာတွေ့ခိုင်းလို့.... မင်းကို တွေ့ဖို့အတွက်
တောင်းဆိုလို့ ''တောင်းဆိုတယ် ။
ဘယ်သူကလဲ... သူမက အစိုးရရှေ့နေတစ်ယောက်ပဲ။
အခကြေးငွေယူပြီး ခိုင်းတိုင်းလုပ်ပေးရတဲ့ အလုပ်မျိုးမှ
မဟုတ်တာပဲလေ။" Park Chan Yeol ဆိုတဲ့ ပုဂ္ဂိုလ် က ၊ ဒီအမှုမှာ မင်း
အပြစ်မရှိကြောင်းကို အဆုံးထိရောက်အောင်
ဖြေရှင်းပေးဖို့ က တို့တာဝန် ။ တို့ကအစိုးရ ဝန်ထမ်း
မှန်ပေမယ့် မင်းကိုပေါ့ပျက်ပျက်တော့ အဆုံးမသတ်ပေးပါဘူး။
ဒီတော့ BaekHyun... မင်းလုပ်ခဲ့တယ်ဆို
အခု တို့ရှေ့မှာပဲဝန်ခံလိုက် ၊ အကယ်၍ မင်းနဲ့မဆိုင်ပဲမတော်တဆမှု သက်သက်
ဆိုရင် ဒီနေရာမှာပဲ တို့ကိုယုံကြည်စွာဖွင့်ချလိုက် ၊ကျန်တာ တို့လုပ်မယ်။ "
YOU ARE READING
|| C's Shade || 《 Completed 》 [Unicode/ZawGyi]
Hayran KurguDo you love me ? He asks... Baek Hyun has no chance to answer .... He afraid everyone , also Chan Yeol .... But.... He loved Him. ...